ရှောင်ရန်ဆွေ့(3)

987 108 0
                                    

♡♡♡

အိမ်မကြီး အရှေ့မှာ ပျောက်ဆုံးနေတဲ့ အိတ်တွေကို ကျန်းရှီးမင် သတိထားမိတယ်။မနေ့ညက သူ ၁၂နာရီလောက်အထိ မအိပ်သေးပင့်မယ့် တံခါးခေါက်သံတွေ ဆူညံသံတွေမကြားခဲ့ရပေ။ဒါက ထူးဆန်းလွန်းတယ်လို့ ကျန်းရှီးမင်ထင်တယ်။

ဘယ်သူမဆို သူ့ကို အိမ်ပေါ်က ဘာမှမပြောဘဲ နှင်ချရင် စိတ်ဆိုးဒေါသထွက်ပြီး ဝုန်းဒိုင်ကျဲဆဲရေးတက်ကြမှာပင်။ဒါပေမယ့် မူလပိုင်ရှင်ရဲ့ ဂုတ်သွေးစုတ်သူငယ်ချင်း ကအသံလေးတောင် တစ်ချက်မထွက်ဘဲ လစ်ပြေးသွားသတဲ့။

ကျန်းရှီးမင်က ဂုတ်သွေးစုတ်သူငယ်ချင်း သူ့ကိုရန်ပြန်တွေ့ဖို့ မျော်လင့်ခဲ့တာပင်။သူက ပြန်ပြောဖို့ စကားတွေကို စီရေးထားတဲ့ စာရွက်အား အမှိုက်ပုံးထဲထည့်လိုက်ရတယ်။ကျန်းရှီးမင်က မပျော်မရွင်ဖြစ်သွားကာ ညည်းညူလာတယ်။ ' နှမျောစရာကောင်းလိုက်တာ ငါကတော့မနည်းစဥ်းစားပြီးရေးခဲ့ရတာ '

သို့ပေမယ့် ရန်လာမတွေ့တာကလည်း ကောင်းတာပဲလို့ ကျန်းရှီးမင် တွေးမိတယ်။သူအခု ရန်ဖြစ်ချင်စိတ်မရှိတော့ဘူး။ ရန်ဖြစ်ရတာ အရမ်းပျင်းဖို့ကောင်းတယ်။ကျန်းရှီးမင် ဖုန်းကို ဖွင့်လိုက်ပြီး နားကြပ်တပ်ကာ သီချင်းနားထောင်နေလိုက်တယ်။

မနေ့က သူပင်ပင်ပန်းပန်း ကူးယူးထားရတဲ့ သီချင်းတွေ အပုဒ် ၁၀၀ လောက်ရှိတယ်။ဖုန်းထဲ သီချင်းတွေပြည့်နေတဲ့အခါ ကျန်းရှီမင်းက သူ့ကိုယ်သူ အနုပညာချစ်မျက်နိုးသူတစ်ယောက်အဖြစ်သတ်မှတ်လိုက်တော့တယ်။နောက်ပြီး သူသီချင်းနားထောင်ရတာလည်း ကြိုက်တယ်။

ကျန်းရှီးမင်က ပြန်ပျော်ရွင်သွားပြီ တက်ကြွတဲ့ ကြက်ကလေးလို ကားဂိတ်ဆီ လျောက်လာခဲ့တော့တယ်။ဒီနေ့ သူတက္ကသိုလ် စတက်မဲ့နေပဲ။ တကယ်ဆို တက္ကသိုလ် သွားတာကို သူစိတ်မလှုတ်ရှားသင့်ဘူးလေ။

မူလပိုင်ရှင် အတွေ့အကြုံရဆို ကျန်းရှီးမင် က ဒုတိယနှစ်ရောက်နေပြီ။ မူလပိုင်ရှင်က ခန္ဓာကိုယ်ကို အသိနဲ့ ထိန်းချုပ်ထားပေမယ့် ကျန်းရှီးမင်ကတော့ စိတ်ခုန်နေတုန်းပဲ။

ကျန်းရှီးမင် ခက်ခက်ခဲခဲ ကားစီးပြီး တက္ကသိုလ်ကိုရောက်လာခဲ့တယ်။ မူလပိုင်ရှင်တက်တဲ့ တက္ကသိုလ်က ထိပ်တန်း တက္ကသိုလ်မဟုတ်ပေမယ့် အကောင်းဆုံးထိပ်တန်းတက္ကသိုလ်ကျောင်း ၁၀ကျောင်းထဲမှာတော့ပါတယ်။

ငါလေးက ငါးဆားနူးလေးတစ်ကောင်ဖြစ်ချင်ရုံပါပဲ(China  novel)Where stories live. Discover now