အပိုင်း(9)စာအုပ်

725 88 10
                                    

♡♡♡

 

ငါဒီနေ့ မူကြိုမှာ သူများတွေနဲ့ဆော့ချင်ပင့်မယ့် သူတို့က ငါ့ကို အဖေမရှိလို့ဆိုပြီ ခေါ်မဆော့ကြဘူး။ငါဆရာမကို သွားပြောလည်း ဆရာမက ဆရာအသစ်နဲ့စကားပဲပြောနေပြီး ငါ့ကိုဂရုစိုက်ဖို့အချိန်မရှိဘူး။

ငါအရမ်းအထီကျန်တယ်။အထီကျန်တယ်ဆိုတာ ဘာမှန်းတော့ ငါသိပ်မသိဘူး၊ဒါပေမယ့် ငါ အထီကျန်တယ်။ဘယ်မိဘကမှ ငါ့ကို သူတို့ကလေးတွေနဲ့ဆော့ဖို့ကို ခွင့်မပြုပေးဘူး။

ငါ့ကို မြင်တာနဲ့ ကူးစက်ရောဂါတစ်ခုလို ရှောင်ထွက်သွားကြတယ်။ထမင်းစားပြီးလို့ ကစားတဲ့အချိန်ဆိုရင် ငါတစ်ယောက်တည်း သဲအိမ်ဆောက်နေရတယ်။မကြာပါဘူး ငါ မူကြိုကထွက်လိုက်ရတယ်။

ဘာလို့ဆို သူတို့က ငါ့ကို အဖေမရှိတဲ့သားလို့ခေါ်လို့ ငါသူတို့ကို ခဲလုံးနဲ့ကောက်ထုလိုက်တယ်။ငါနားမလည်တာက ငါ့မှာ အဖေရှိရဲ့သား နဲ့ ဘာလို့ အဖေမရှိတဲ့သားလို့ခေါ်ရတာလဲ။

ငါ့အဖေအမြဲ ငါ့ကိုလာကြိုနေတာကို သူတို့တွေ့နေရတာတောင်လေ။တစ်နေ့တော့ အဖေကငါ့ကိုဘာမကြိုဘူး အဲ့နေ့က မိုးတွေအရမ်းရွာခဲ့တာ။မှောင်မဲနေတဲ့ ကောင်ကင်ကြီးကိုကြည့်ပြီ စာသင်ခန်းထဲမှာ ငါတစ်ယောက်တည်း ထိုင်နေရတဲ့အချိန်က အရမ်းကြောက်စရာကောင်းလို့ ငါ့အဖေမြန်မြန်ပြန်လာကြိုဖို့ကို ငါစောင့်နေတာ။

မိုးစွန်းစွန်းချုပ်သွားတဲ့အထိ အဖေရောက်မလာတဲ့အခါ ဆရာမက ပွစိပွစိပြောပြီ အိမ်လိုက်ပို့တယ် ။အိမ်ေရာက်တဲ့အချိန် တဲသာသာအိမ်လေးမှာ လူတွေအများကြီးရောက်နေတာငါ့တွေ့လိုက်တယ်။

အမေရိက အပြစ်အမြဲပြောတက်တဲ့ အန်တီကြီးတွေက အဖေရဲ့ ဓါတ်ပုံကိုကြည့်ပြီး ငိုနေတယ်။ အမေး အန်တီကြီးတွေရဲ့ အပြောအဆို ဆဲရဲသံတွေကြားထဲ ငါ့ကိုမြင်တဲ့အခါ ပြုံးပြလာခဲ့တယ်။

အဲ့အချိန်တုန်းက အမေရဲ့ အပြုံးကအရမ်းကိုတောက်ပခဲ့တာ။ငါ့အမေက ငါ့ကိုပြန်လိုက်ပို့ပေးတဲ့ ဆရာမကိုကျေးဇူးတင်တယ်။ငါ့ကိုခေါင်းခေါက်ပြီး စိတ်မရှည်တဲ့ ဆရာမ ဒီလိုပြန်ဖြေတာကို ငါကြားလိုက်တယ်။

ငါလေးက ငါးဆားနူးလေးတစ်ကောင်ဖြစ်ချင်ရုံပါပဲ(China  novel)Where stories live. Discover now