Part-70 🔞

3.4K 109 4
                                    

Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၇၀)🔞

"ဘာဖြစ်တာလဲ"

တစ်ကိုယ်လုံးပူရှိန်းရှိန်းဖြစ်လာသလို ခံစားလာရသဖြင့် ဟေဒီခေါင်းကိုဖိနှိပ်ရင်း မျက်နှာလည်း ရူံ့မဲ့သွားသည်။ ဘယ်လောက်မှမသောက်ရသေးသော်လည်း အခါတိုင်းထက်လည်း ပိုမူးနေသလိုခံစားရတော့ အံ့ဩနေမိသည်။

သောက်နေသည့်ခွက်ကိုပင် ပြန်ငုံ့ကြည့်မိသည်။ အခါတိုင်းသောက်နေကြပါပဲ။ ဒါကို တစ်ခွက်တည်းနှင့် ခေါင်းတွေမူးဝေလာပြီး ခန္ဓာကိုယ်တစ်ခုလုံးလည်းပူရှိန်းရှိန်းဖြစ်လာသည်ကို နားမလည်နိုင်အောင်ဖြစ်သွားရ၏။

"ဘာဖြစ်လို့လဲ"

သူမအနေပျက်နေသည်ကို ကောင်းမာန်ကသတိထားမိသွားပုံရသည်။ လှမ်းမေးလာ၏။ ဟေဒီ ခေါင်းကိုလက်နှင့်ဖိထားရင်း

"အင်း.. ငါနည်းနည်းမူးနေသလားလို့"

"သိပ်တောင် မသောက်ရသေးပါဘူး"

"မပြောတတ်ဘူး.. နေရတာတစ်မျိုးပဲ ငါ.. ငါသွားနားတော့မယ်"

ဟေဒီကပြောပြီး ထရပ်ဖို့ကြိုးစားသော်လည်း

"အမေ့.."

"ဟေဒီ"

ခွေခေါက်လဲကျသွားသည့်ဟေဒီ့ကို ကောင်းမာန်ကစိုးရိမ်တကြီးလှမ်းဆွဲလိုက်ရာ ပွေ့ဖက်မိသလိုဖြစ်သွားသည်။ ဒါကပဲ နှစ်ယောက်လုံးအတွက်စိုးရိမ်စရာအခြေအနေဖြစ်သွားသည် ထင်ပါသည်။ ဟေဒီကောင်းမာန်ကို အငေးသားကြည့်မိသလို ကောင်းမာန်ကလည်း သူမကို ရီဝေဝေမျက်ဝန်းတွေနှင့် ကြည့်နေ၏။

တကယ်တော့ ဆေးအရှိန်တက်နေသည့်ကောင်းမာန်ကိုယ်၌ကလည်း စိတ်တွေအရိုင်းထန်စပြုနေပြီ ဖြစ်သည်။ ထိုအချိန်၌တစ်ချိန်ကငယ်ချစ်ဦးကို ရင်ခွင်ထဲရောက်နေတော့ ဘယ်ပြောလို့ကောင်းတော့မည်လဲ။

နောက်တော့ ဘယ်လိုကဘယ်ပုံဖြစ်သွားကြမှန်း ရမက်လှိုင်းတွေခိုးဝေနေသည့်သူတို့လည်း မသိတော့ပါ။ နောက်ဆုံးမှတ်မိလိုက်သည်က သူတို့နှစ်ယောက် နမ်းလိုက်ကြသည်ကိုပင်။

🖤Until the End of Time 🖤 Where stories live. Discover now