Part-13

4.7K 185 8
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၁၃)

မီးခိုးရောင် အနက်တိုင်းဝတ်စုံကို စမတ်ကျကျ ဝတ်ဆင်ထားသောအမျိုးသား..။

မြင့်မားသော အရပ်၊ တောင့်တင်းသော ခန္ဓာကိုယ်အချိုးအစားနှင့် ကျော့ရှင်းသည့် gray suiteကြီးက ဘယ်လောက်တောင် လိုက်ဖက်ကြည့်ကောင်းနေသည်လဲ။

အကြိမ်ကြိမ်အခါခါကိုတွေ့မြင်ဖူးသည့်ပုံစံ ဖြစ်သည့်တိုင် မြင်လိုက်တိုင်း ငေးခနဲ့ဖြစ်ရအောင် ကြည့်ကောင်းနေခြင်းက သူ၏super powerဟုပဲ ဆိုရမည်လား။

ပြောင်လက်နေသည့်shoeဖိနပ်ကအစ ဤအမျိုးသားဟာ မြတ်နိုးချင်စရာကောင်းလှပါသည်။ ကြည့်ပါလေ....

လိုင်းလိုဝဲကျနေသည့်မီးခိုးရောင်ဆံနွယ်တွေအောက်မှ တောင့်ကျကျမျက်နှာ၏ယောင်္ကျားပီသမှုက ရူးလောက်ပါသည်။ ထူထဲသော မျက်ခုံးတန်းနှင့် သိမ်းဌက်လို စူးတောက်နေသောမျက်ဝန်းတွေကိုကြည့်ရုံနှင့် ဘယ်လောက်အေးစက်ပြတ်သားတတ်သူမှန်း မြင်သာနိုင်ပါရဲ့..။

သို့သော် ခပ်စူးစူးအကြည့်တွေက တိမ်းညွှတ်မူးယစ်ဖွယ်ကောင်းသည်ကတော့ ဘယ်လိုမှမငြင်းပယ်နိုင်။ ချွန်လျသောနှာတံအောက်မှ ပိရိသေသပ်သောနှုတ်ခမ်းသားတို့ တင်းတင်းစေ့ထားပုံမှာ ရင်ခုန်လှိုက်မောဖွယ်အတိ။ ဒီနှုတ်ခမ်းတို့က အင်မတန်မှရက်စက်သွေးအေးလွန်းသည့်တိုင် မူးယစ်ဆေးလိုစွဲလန်းစရာကောင်းနေပြန်၏။

သူ၏မူပိုင်အတိုင်း အေးတိအေးစက်အသွင်နှင့် စီးကရက်ဖွာရိူက်နေပုံမှာလည်း အိုလေ.. ဘယ်လိုတောင်များဆွဲဆောင်မှုရှိလိုက်လေခြင်း ။

ဤအမျိုးသားက မှိုင်းတဲ့။ မတွေ့မမြင်ကာလအတွင်း မှိုင်း၏ချောမောမှုတွေက အရင်အတိုင်းပဲ မပြောင်းလဲခဲ့ပါ။ ပို၍ပင် ဆွဲဆောင်မှုရှိလှပါ၏။ ပြီးတော့ မထီမဲ့မြင်နိုင်မှုကလည်း အခြားလူကို မခံမရပ်ဖြစ်စေသည်အထိ။

"ငါ့ကိုကြည့်လို့ပြီးဦးမလား..."

ကြည့်လေ.. သောက်နေသည့်စီးကရက်ကို မီးသတ်ချပြီးဆိုလိုက်ပုံက ဘယ်လောက်တောင် မထီမဲ့မြင်နိုင်လွန်းသည်လဲ။

🖤Until the End of Time 🖤 Where stories live. Discover now