Part-66

1.8K 89 1
                                    

Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၆၆)

"တောက်"

သခင်ကြီးဗို့စ် ပြင်းထန်စွာတက်ခေါက်လိုက်သည်။ ဒေါသကြောင့် ၎င်း၏မျက်နှာကကြောက်စရာကောင်းအောင်ပင် ခက်ထန်တင်းမာနေသည်။ အနားတွင်ရပ်နေသည့် ဟန်နာသည်လည်း အံကြိတ်ကာ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ငိုထားသဖြင့် သူမ၏မျက်ဝန်းတွေက နီရဲနေတော့သည်။

သူမကအံကြိတ်ထားလျက်နှင့်

"မိုးတိမ်ကို ကျွန်မကိုယ်တိုင်သွားသတ်မယ် သူ့ခေါင်းကိုမဖြတ်ရမချင်း မကျေနပ်နိုင်ဘူး"

"ဟန်နာ မင်းရဲ့ဆုံးရူံးမှုကိုငါနားလည်ပါတယ် ဒါကမင်းအဖေကိုပဲ ဆုံးရူံးရတာမဟုတ်ပါဘူး ငါတို့ဂိုဏ်းရဲ့ အရေးပါတဲ့ခေါင်းဆောင်တစ်ယောက်ကို ဆုံးရူံးရတာပါ ငါတို့ဒီအတိုင်း ကြည့်မနေပါဘူး မင်းအဖေအတွက် သေချာပေါက်ကို လက်စားချေပေးမှာပါ ဒါပေမဲ့ အခုအချိန်မှာ မင်းစိတ်လိုက်မာန်ပါလုပ်လို့မရဘူး"

"ဒါပေမဲ့.. သခင်ကြီး"

"ငါ့စကားကိုနားထောင်ပါ ငါလုပ်ပေးနိုင်တယ်ဆိုတာ မင်းမယုံကြည်ဘူးလား"

သခင်ကြီးဗို့စ်ကိုယ်တိုင်ဖျောင်းဖျနေတော့ ဟန်နာစိတ်ကိုလျှော့ထားလိုက်သည်။ သို့သော် အံကြိတ်ကာ လက်သီးကိုဆုပ်ထားမြဲပင်။

"အရင်ဆုံး ခေါင်းဆောင်(၂)ယောက်ရဲ့ စျာပနာအခမ်းအနားကိုအကောင်းဆုံးကျင်းပပေးကြတာပေါ့ ပြီးမှငါတို့ဒီကိစ္စကိုအလေးအနက်ထားပြီး လုပ်ဆောင်ကြမယ်"

"ဟုတ်ကဲ့ပါ သခင်ကြီး"

"သခင်လေးမှိုင်းနေခဲ့ပြီး ကျန်တဲ့သူတွေသွားလို့ရပြီ"

သခင်ကြီးဗို့စ်စကားကြောင့် အားလုံးအခန်းထဲမှထွက်ခွါသွားပြီး မှိုင်းသာကျန်ရစ်ခဲ့သည်။ သခင်ကြီးဗို့စ်က မှိုင်းကိုစေ့စေ့ကြည့်လိုက်ပြီး

"မင်းသူ့ကိုပထမဆုံးအကြိမ်မှာပဲရူံးခဲ့တယ် မှိုင်း"

"ကျွန်တော်သိပါတယ် ဒီအတွက်လည်း သခင်ကြီးကိုတောင်းပန်ပါတယ် နောက်တစ်ခါဒီလိုအမှားမျိုး မဖြစ်စေရပါဘူး"

🖤Until the End of Time 🖤 Where stories live. Discover now