Part-44

2.8K 156 7
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၄၄)

"မရောက်တာကြာပြီနော်.."

ရှေ့မှာချထားသည့်ခွက်ထဲ အရက်ငဲ့ပေးရင်းနှင့် ကလျာဆိုတော့ ကောင်းမာန်ခေါင်းညိတ်လိုက်ပြီး

"အင်း.. ဒီတစ်လောအလုပ်တွေနည်းနည်း ရူပ်နေလို့် ဒီဘက်မလှည့်ဖြစ်ဘူး"

"အဆင်ပြေရဲ့လား"

"ပြေပါတယ်"

ပြေသည်ဟုဆိုသည့်တိုင် ကောင်းမာန်မျက်နှာပေါ်၌မတင်မကျဖြစ်နေသည့်အရိပ်အယောင်တို့ကို ကလျာကသတိပြုမိပုံရသည်။

"ယူ့မှာစိတ်ရူပ်ထွေးစရာတော့ရှိမယ်ထင်တယ်"

"အင်း.. မင်းကိုတော့တကယ်ဘာမှဖုံးကွယ်ထားလို့မရဘူးဘဲ"

သူ့စကားကြောင့် ကလျာကပြုံးလိုက်သည်။ ပြီးနောက် သူ့ရှေ့တွင်ဝင်ထိုင်လိုက်ရင်းနှင့်

"ပြောပါဦး ဘာပြသာနာဖြစ်ရပြန်ပြီလဲ"

"ငါ့ပြသာနာတော့မဟုတ်ပါဘူး မှိုင်းပြဿနာပါ"

"မှိုင်းပြသာနာဟုတ်လား မှိုင်းကဘာဖြစ်လို့လဲ"

ကောင်းမာန် ချက်ချင်းမဖြေ။ ကလျာငဲ့ပေးထားသောဝီစကီခွက်ကို တစ်ချက်မော့လိုက်ပြီးမှ

"တာရာနဲ့မှိုင်းတွဲနေကြပြီ"

"တာရာ... "

"သူတို့ချစ်သူတွေဖြစ်သွားကြပြီ"

ကလျာတအံ့တဩမျက်မှောင်ကျုံ့လိုက်၏။ ပြီးနောက် သဘောကျစွာပင် ပြုံးလိုက်ရင်း

"မှိုင်းက တကယ်အဲ့ဒီ့ကလေးမလေးကို ငြိသွားခဲ့တာပဲ ထူးဆန်းတယ်ထင်ရပေမဲ့ဒါကဖြစ်နိုင်ပါတယ် တာရာလေးတွယ်ကပ်ကြိုးစားပုံနဲ့ဆိုရင် မှိုင်းဥပေက္ခာပြုနိုင်မှာမဟုတ်ဘူးလို့ ကလျာတွေးမိပြီးသားရယ်"

ကလျာကအိမ်ကိုနှစ်ခါလောက်ရောက်ဖူးသဖြင့်  တာရာ့ကိုသိသည်။ ထိုစဉ်က တာရာငယ်သေးလှသော်လည်း တမှိုင်းထဲ မှိုင်းပြီး မှိုင်းအပေါ် တောက်တဲ့လိုတွယ်ကပ်နေသော တာရာကို သတိထားမိခဲ့သည်။ မှိုင်းကသွေးအေးလှပါသော်လည်း ချစ်စရာကောင်းလှသည့်တာရာ၏အတွယ်အတာညွှတ်ကွင်းတွေကြားမှာ တစ်နေ့မိသွားနိုင်သည်ဟု သူမကြိုတင်ခန့်မှန်းခဲ့သေးသည်။ အခုတော့ သူမမှန်းဆသည့်အတိုင်း ဖြစ်လာတော့ သဘောကျနေတော့၏။

🖤Until the End of Time 🖤 Where stories live. Discover now