Part-9

5.1K 173 3
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၉)

"တာရာလေးက သားကိုတစ်နေကုန်မျှော်နေတယ် ဒီနေ့သားလာမယ်လို့ပြောထားတယ်တဲ့ ဟုတ်လား.."

"ဟို..."

စစ်စတာမေရီစကားကို သူဘာပြန်ဖြေရမှန်းမသိ။ သူမကိုဒီနေ့လာခေါ်မည်ဟုဆိုထားခဲ့သော်လည်း တကယ်တမ်းကျ သူလာဖို့ အစကတည်းကကိုရည်ရွယ်ချက်မရှိခဲ့ပါ။

သူ့လိုလူငယ်တစ်ယောက်က မွေးနေ့ပါတီကို ခပ်လန်းလန်းစော်တွေနဲ့ပဲ ခပ်ဟော့ဟော့barတစ်ခုမှာအချိန်ဖြုန်းဖို့တွေးမှာပဲလေ။ ဘယ်သူကများ ကလေးတစ်ယောက်နဲ့ ကစားကွင်းမှာလာအချိန်ကုန်ချင်မှာလဲ။

ထိုစဉ်ကပြဿနာကိုအမြန်ဖြေရှင်းဖို့အတွက် သူကသူမကိုပြီးစလွယ်ပြောခဲ့ခြင်းသာ။  သို့သော် တာရာဤမျှအမှတ်သည်းခြေကြီးလိမ့်မည်ဟု သူထင်မထားသည်မှာအမှန်။

"ညနေလောက်က သားမလာသေးတော့ သားဆီဖုန်းဆက်ချင်တယ်ဆိုပြီး စစ်စတာဆီ လာပြောတော့ စစ်စတာကဧည့်သည်ကျနေတာနဲ့ မအားတော့ ခဏနေခေါ်ပေးမယ်ပြောတာကိုမရဘူးကွယ် သူဖုန်းခေါ်တတ်တယ်ဆိုတော့ သားဖုန်းနံပါတ်မှတ်ထားတဲ့စာအုပ်လေး ပေးခဲ့တယ် အဲ့ကတည်းကသူ့ကိုမတွေ့တော့တာပဲ စစ်စတာလည်းဧည့်သည်တွေနဲ့ ရူပ်နေတော့ သတိမထားမိဘူး အခုည(၇)နာရီထိုးခါနီး ဂေဟာပိတ်တော့မဲ့ အချိန်ရောက်တော့ ကလေးတွေစစ်တော့မှ တာရာလေးပျောက်နေတာကို သတိထားမိတယ်.."

စစ်စတာမေရီထံမှသိရသည့်စကားအကုန်။ မှိုင်း  ဖုန်းကိုကြည့်လိုက်သည်။ ညနေ(၄)နာရီက ဂေဟာဖုန်းနှင့် miss call(2)ခုဝင်ထားသည်။ ထိုအချိန်ကသူက မိတ်ဆွေအချို့နှင့်သောက်စားပျော်ပါးနေချိန်မို့ ဖုန်းမကြည့်မိပါ။ သူ့ဆီဖုန်းခေါ်မရ၍ သူမအပြင်ထွက်သွားသည်လား။ သူစဉ်းစားချိန်မရပါ။ ယခုကာ ည(၈)နာရီထိုးလုနေပြီဖြစ်၍ သူမကိုအရေးတကြီးရှာဖို့သာ လိုအပ်နေရာ..

"ကျွန်တော်သူ့ကိုဒီအနီးအနားဝန်းကျင်မှာ ရှာကြည့်လိုက်ပါမယ်စစ်စတာ. အရမ်းမစိုးရိမ်ပါနဲ့ သူအပြင်ခိုးထွက်လည်ပြီး ပြန်မလာတတ်တာလည်း ဖြစ်နိုင်တယ်"

🖤Until the End of Time 🖤 Where stories live. Discover now