Part-39

3.4K 221 10
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၃၉)

"မနေ့ညကတည်းက အိမ်ကထွက်သွားတာကို နောက်ရက်မှသိရအောင် ခင်ဗျားအိမ်မှာနေပြီး ဘာလုပ်နေသလဲ"

မှိုင်း ဒေါသတကြီးအော်ဟစ်လိုက်တော့ အန်တီမွန်မှာလန့်ဖျပ်သွားပြီး

"ဟို.. အန်တီလည်း တာရာတစ်ခုခုကို စိတ်ကောက်ပြီး အခန်းအောင်းနေတယ်ပဲ ထင်နေခဲ့တာပါ ဒီမနက်လည်းအလုပ်ရူပ်နေတာနဲ့ မေ့နေတယ် နေ့လယ်လောက်မှာ လုံးဝထွက်မလာသေးတာကိုသတိထားမိပြီး သွားခေါ်ဖို့လုပ်တော့မှ အခန်းထဲမှာရှိမနေတာကိုသိလိုက်တယ် အစကတော့ ဒီအတိုင်း မပြောမဆိုနဲ့အပြင်ထွက်သွားတယ်ထင်ပြီး ဖုန်းဆက်ကြည့်သေးတယ် ဖုန်းကအခန်းထဲမှာရှိပြီး လူပဲပျောက်နေမှန်းသိတော့မောင်ကောင်းမာန်ကို အသိပေးလိုက်တယ်"

"တောက်.. ခင်ဗျားအတော်ပေါ့လျော့တာပဲ ကလေးမလေးတစ်ယောက်ကိုမထိန်းနိုင်လောက်အောင် ဘာတွေလုပ်လို့လုပ်နေမှန်း မသိဘူး"

အန်တီမွန်စကားကြားတော့ မှိုင်းပိုဒေါသထွက်ရ၏။ ကြည့်လေ.. မနေ့ညကတည်းက အိမ်မှာရှိမနေသည်ကို မသိဘဲဒီအတိုင်းနေခဲ့သည်တဲ့။ နောက်ရက်နေ့လယ်လောက်မှ သတိထားမိသွားဆိုတာကြီးက ဘယ်လောက်အဓိပ္ပာယ်မဲ့လဲ။

"တောက်.. အဓိပ္ပာယ်မရှိတာ"

တက်တခေါက်ခေါက်နှင့် မှိုင်းဒေါသတွေ ထွက်နေသည်ကိုမြင်ပြီး အန်တီမွန်မှာလည်း လန့်လွန်းသဖြင့် တုန်တုန်ယင်ယင်ကို ဖြစ်နေတော့သည်။ ကောင်းမာန်ကမနေသာတော့ဘဲ

"အန်တီမွန်ကိုလည်း ဖိအော်မနေနဲ့ သူလည်း ဒီလိုဖြစ်လာမယ်ဘယ်ထင်မှာလဲ"

"ဘယ်လိုပဲဖြစ်ဖြစ်ဂရုစိုက်သင့်တယ်လေ မင်းကရော ဘာလုပ်နေသလဲ နေ့လယ်ကတည်းက တာရာမရှိတော့မှန်းသိတာတောင် ဒီအတိုင်းနေနေသလား"

မြှာဦးကသူ့ဘက်လှည့်လာပြန်သည်။ တကယ်တော့ သူပေါ့ဆမိတာလည်းပါသည်။ အန်တီမွန်လာပြောစဉ်က အရေးတကြီးကိစ္စဟုမတွေးဘဲ ပေါ့ပေါ့လေးထားခဲ့သည်။ တာရာဆိုသည့်ကလေးမကလည်း သိပ်လိမ်မာလှသူမှမဟုတ်ဘဲ။ မပြောမဆိုနှင့် အိမ်ကနေလစ်လစ်ထွက်သွားသည်မှာ အမြဲလိုလိုဖြစ်နေတော့ အန်တီမွန်ပြောတုန်းက သူကအထူးအဆန်းမလုပ်ခဲ့ပါ။ ဒီအတိုင်း ပုံမှန်လိုပဲခိုးထွက်သွားသည်ထင်ပြီး ပေါ့ပေါ့ဆဆထားခဲ့သည်။

🖤Until the End of Time 🖤 Where stories live. Discover now