"ဟုတ်ကဲ့၊ ဝင်ပါ ဆရာ"
Baekhyun ဆရာ့လက်ထဲကမုန့်ထုတ်တွေယူပြီး စားပွဲခုံပေါ်တင်ထားလိုက်သည်။
"မုန့်တွေအတွက် ကျေးဇူးပါဗျ"
"ရပါတယ် ဒေါက်တာပတ်ရော"
"ဦးက အလုပ်ကိစ္စရှိလို့ ခဏသွားတယ်ဗျ"
"ဪ.."
ဆရာက ခုတင်ပေါ်ရှိ သားသားအနားသွားပြီး
"Chanbaek လေးတော်တော်နေကောင်းသွားပြီပဲ"
"ဟုတ်တယ် ဆရာ၊ အရင်အတိုင်းပြန်ဖြစ်သွားပြီ"
ဆရာက သားသားရဲ့လက်ကလေးကိုဆုပ်ကိုင်ကာ တစ်ချက်နမ်းပြီးမှ Baekhyun ကိုကြည့်လာသည်။
"မနက်စာစားပြီးသွားပြီလား"
"ဟုတ်၊ ဦးနဲ့စားပြီးသွားပါပြီ၊ ဆရာ အလုပ်အားလို့လားဗျ"
"ဟုတ်တယ်၊ ကိုယ်မနက်ပိုင်း စာသင်ချိန်မရှိလို့ ဒီကို ကလေးကြည့်ရအောင်လာလိုက်တာ၊ မနက်စာတောင်မစားရသေးဘူး"
"ကျွန်တော် ကော်ဖီဖျော်ပေးမယ်လေ၊ မုန့်နဲ့စားလိုက်ပါလားဗျ"
"ကျေးဇူး Baekhyun"
"ရပါတယ် ဆရာ"
Baekhyun ကော်ဖီဖျော်နေတဲ့အချိန် ဆရာကဆိုဖာခုံမှာထိုင်စောင့်နေသည်။
မုန့်နှင့်ကော်ဖီကိုပြင်ပြီး ဆရာ့ရှေ့ Baekhyun သွားချပေးပြီး လှည့်ထွက်ဖို့ပြင်တော့
"နေပါဦး"
ဆရာက Baekhyun ရဲ့လက်ကောက်ဝတ်ကိုဆွဲပြီးတားလာသည်။
"ဗျာ.."
"ကိုယ်တစ်ယောက်တည်း မနက်စာစားရမှာပျင်းလို့လေ၊ Baekhyun ကဘေးမှာထိုင်နေပေးပါလား၊ သားကိုလည်း ဒီကနေလှမ်းမြင်နေရတာပဲကို"
Baekhyun တစ်ချက်စဉ်းစားလိုက်ပြီးမှ ခေါင်းညိမ့်ရင်း
"ဟုတ်ကဲ့"
ဆရာက Baekhyun ထိုင်တော့မှ မုန့်ကိုစစားသည်။
"မနက်တိုင်းတစ်ယောက်တည်းပဲစားနေကျ မနက်စာက အခုဘေးမှာ လူတစ်ယောက်ရှိတော့ ပိုစားကောင်းနေသလားလို့"
"..............."
"Chanbaek လေးကိုမြင်တိုင်းတွေးမိတယ်၊ ကိုယ့်မှာလည်း အဲ့လိုသားလေးတစ်ယောက်ရှိရင်ကောင်းမယ်လို့လေ"
YOU ARE READING
Perfect Love [onging]
Perfect Love-33
Start from the beginning