Perfect Love-17

289 60 5
                                    

(Unicode)

ကားပေါ်ကဆင်းပြီးတော့မှ ဦးကိုပြောစရာရှိတာအား Baekhyun သတိရသည်။

"ဦး"

"အင်း ကောင်လေး"

"ကျွန်တော့်ကို ဦး အပို့အကြိုလုပ်ပေးနေရတာ အလုပ်လည်းရှုပ်သလို ပင်ပန်းတာပေါ့၊ ကျွန်တော် ကိုယ့်ဘာသာပဲဘတ်စ်ကားစီးပြီး...."

"မရပါဘူး"

Baekhyun ရဲ့စကားမဆုံးခင် ဦးက အလောတကြီးဖြတ်ပြောလာတာမို့ အလန့်တကြားဖြင့်မျက်တောင်တဖြတ်ဖြတ်ခတ်လိုက်မိသည်။

"ကိုယ်ပဲအပို့အကြိုလုပ်ပေးမှာ၊ တကယ်လို့ ကိုယ်မအားခဲ့ရင်တောင် ဦးလေးကင် ကိုအပို့အကြိုလုပ်ခိုင်းမှာ၊ ဘတ်စ်ကားတော့လုံးဝမစီးရပါဘူး"

"ဟို...ကျွန်တော်က ဦးအလုပ်ရှုပ်မှာစိုးလို့ပါ"

ဦးကို Baekhyun မျက်လုံးအသာဝင့်ကြည့်ကာပြောလိုက်တော့ ဦးက ပြုံးရင်းခေါင်းခါပြပါသည်။ထို့နောက် Baekhyun ရဲ့လက်နှစ်ဖက်ကို လက်ဖဝါးကြီးတွေထဲထည့်ကာဆုပ်ကိုင်ထားပြီး

"ဟင့်အင်း၊ ကိုယ်ဘယ်တော့မှ ကောင်လေးနဲ့ပတ်သတ်ရင် အလုပ်ရှုပ်မှာမဟုတ်ဘူး၊ အဲ့ဒါကြောင့် ကိုယ်နဲ့ပတ်သတ်ရင်အတွေးတွေအရမ်းမများပါနဲ့ကွာ၊ တောင်းဆိုလို့ရရင် တောင်းဆိုချင်ပါတယ်"

ဦးရဲ့ တောင်းဆိုသလိုမျက်ဝန်းအကြည့်တွေကြောင့် Baekhyun ထိုအကြည့်တွေနှင့်ကြာကြာမဆုံနိုင်ဘဲ ခေါင်းငုံ့ချလိုက်မိသည်။Baekhyun ရဲ့နှလုံးခုန်သံတွေမြန်နေတာများ ရင်ဘက်ကြီးပေါက်ထွက်တော့မတက်ပင်။

"ကိုယ်...."

"ဟေးး Baekhyun"

ခပ်လှမ်းလှမ်းမှအော်ခေါ်သံကြောင့် Baekhyun အလန့်တကြားဖြင့် ဦးရဲ့လက်ဖဝါးနွေးနွေးကြားထဲက ကိုယ့်လက်ကိုယ်ရုတ်လိုက်မိသလို ဦးကလည်း ပါးစပ်တပြင်ပြင်ဖြင့် စကားသံတိတ်သွားခဲ့ပါသည်။

Baekhyun ရဲ့နာမည်ကိုအော်ခေါ်ပြီး အနားကိုဝမ်းသာအားရပြေးလာတာကတော့ ယူဘင်း ဖြစ်သည်။

"မင်္ဂလာပါ ဒေါက်တာဦး"

"မင်္ဂလာပါ ယူဘင်း"

အနားကိုရောက်တာနဲ့ ယူဘင်း ကဦးကို ဦးလေးညွှတ်ကာအရင်နှုတ်ဆက်သည်။ဦးကလည်း ပြုံးကာပြန်နှုတ်ဆက်ပါသည်။

Perfect Love [onging]Where stories live. Discover now