(Unicode)
ကားကိုအာရုံစိုက်မောင်းနေတဲ့ ဦးကတိတ်တိတ်ဆိတ်ဆိတ်ရှိနေတာမို့ Baekhyun လည်းဘေးမှာငြိမ်ငြိမ်လေးထိုင်နေမိသည်။
ဦးနှင့်ကားအတူစီးတိုင်း ဦးရဲ့ဘေးတိုက်မျက်နှာထားကို တစ်ချက်တစ်ချက် မသိမသာငေးကြည့်ရတာအား Baekhyun အလွန်သဘောကျရပါသည်။ဦးက ဘေးတိုက်အနေအထားဖြင့်လည်း ခန့်ညားပြီးချောမောနေတာမလား။
ပိရီသေသပ်စွာစေ့ပိတ်ထားတဲ့ နှုတ်ခမ်းထူထူဆီကိုအကြည့်ရောက်မိတော့ Baekhyun ချက်ချင်းမျက်နှာလွှဲလိုက်မိသည်။မနေ့ညက ထိုနှုတ်ခမ်းထူထူတွေရဲ့ အထိအတွေ့က အခုအချိန်ထိ Baekhyun ရဲ့နှုတ်ခမ်းပါးမှာထင်ကျန်နေသလိုပင်။ဖိကပ်ထားရုံလေးပဲဆိုပေမယ့်လည်း ဒါက အနမ်းတစ်ခုမလား။
အနမ်း၊ အနမ်းဆိုတာ ချစ်သူရည်းစားတွေ၊ လက်ထပ်ထားတဲ့စုံတွဲတွေကြားထဲမှာပဲရှိတာလို့ Baekhyun သိထားသည်။ဒါဆိုမှားသွားခဲ့ပြီပေါ့၊ ဦးကို Baekhyun လက်မထပ်ဘူးလို့စဉ်းစားထားတာမို့ ဦးရဲ့အနမ်းကိုလည်းလက်ခံလို့မဖြစ်ဘူးလေ။Baekhyun မှားသွားခဲ့တာပဲ။အာ....မဟုတ်သေးဘူး၊ အမှန်တော့ Baekhyun တို့ကမှားခဲ့ပြီးပြီပဲကို။
လက်သီးဆုပ်လေးဖြင့် ကိုယ့်ခေါင်းကိုယ် Baekhyun ထုလိုက်မိသည်။နှုတ်ခမ်းပါးကို လက်ချောင်းတွေဖြင့် အသာတို့ထိကြည့်လိုက်တော့ ခပ်နွေးနွေးဖြစ်နေတာက မနေ့ညက ဦးနမ်းထားတာကြောင့်များလား။မဖြစ်နိုင်ပါဘူး၊ တစ်ညတောင်ကြာသွားပြီပဲကို။
ရှေ့လျှောက် ဒီတိုင်းသာဆိုရင် ဦးကို Baekhyun လက်ထပ်လိုက်ရတော့မှာလား။အဲ့လိုသာဆို ဦးရဲ့ ဂုဏ်သိက္ခာတွေကျဆင်းကုန်မှာပေါ့။
ဒါမှမဟုတ်ရင်လဲ ဒီတိုင်း ဘာကိုမှမတွေးတော့ဘဲ ဦးပြောတာတွေကိုပဲလိုက်လုပ်လိုက်ရင်ကောင်းမလား။တကယ်ပဲ ဘာကိုလုပ်သင့်လဲလေ။
"ဟူးးး"
"ရောက်ပြီ ကောင်လေး"
သက်ပြင်းတိုးတိုးချနေရာမှ Baekhyun တန့်သွားရသည်။လမ်းတစ်လျှောက် အတွေးတွေများလာပြီး ကျောင်းရောက်တာကိုတောင် မသိလိုက်မိပါလား။
"ဟုတ်ကဲ့ ဦး"
"ဖြည်းဖြည်းဆင်း"
ဦးတံခါးဖွင့်ပေးတဲ့ကားပေါ်မှဆင်းလိုက်ပြီး ကျောင်းဆောင်ကြီးကိုလှမ်းမြင်လိုက်ရတော့မှပဲ ခဏတာမေ့သွားမိတဲ့ကိစ္စတွေကခေါင်းထဲဝင်လာတော့သည်။ဟုတ်တာပဲ၊ ဒီနေ့ ဦးက ကျောင်းအုပ်ဆရာကြီးကိုလိုက်တွေ့ပြီး Baekhyun အနိုင်ကျင့်ခံရတဲ့ကိစ္စကိုဖြေရှင်းပေးမှာလေ။ဒီလောက် အရေးကြီးတဲ့ကိစ္စကို ဘယ်လိုတောင် မေ့သွားနိုင်ရတာလဲ။
YOU ARE READING
Perfect Love [onging]