(Unicode)
"Hyunee"
"မြေးလေး"
"ဟင် အင်းး"
ခေါ်သံတွေကိုနားထဲမှာကြားနေရပေမယ့် လေးလံပြီးချာချာလည်နေတဲ့ခေါင်းကြောင့် Baekhyun မျက်လုံးမဖွင့်နိုင်ပါ။အခုအချိန် ခန္ဓာကိုယ်တစ်ခုလုံးမှာ ခေါင်းတစ်ခုလုံးလေးလံထုံကျင်နေတဲ့ ဝေသနာကိုသာ Baekhyun ခံစားနေရသည်။
"Hyunee ထနိုင်ရဲ့လား"
နောက်ဆုံးမှာတော့ Baekhyun အားတင်းပြီး မျက်လုံးကိုဖြတ်ခနဲဖွင့်လိုက်သည်။သို့သော် အမြင်အာရုံထဲဝင်လာတဲ့မြင်ကွင်းတွေက ဝေဝေဝါးဝါး။
"Hyunee ကထနိုင်မယ်မထင်ဘူး အမေ"
"အဲ့ဒါဆို ဘယ်လိုလုပ်ကြမလဲ"
"ဒေါက်တာတို့ကို အိမ်ကိုခေါ်လိုက်မှပဲရတော့မယ်၊ သမီးသွားလိုက်မယ်"
"အေးအေး သမီး"
Baekhyun ရဲ့မျက်လုံးထဲ ဒေါ်ဒေါ်ထထွက်သွားတာကို ဝေဝေဝါးဝါးတွေ့လိုက်ရပြီးနောက် စိတ်အာရုံတစ်ခုလုံးအမှောင်အတိလွှမ်းသွားပါတော့သည်။
:
"အင်းးး"
ပထမတစ်ခေါက်လိုမဟုတ်ဘဲ အခုနိုးလာတဲ့တစ်ခေါက်မှာတော့ Baekhyun ရဲ့ဦးခေါင်းထဲကဝေသနာဟာ အတော်လေးသက်သာနေပါသည်။သို့သော် ခန္ဓာကိုယ်တစ်ခုလုံး အားအင်ကုန်ခမ်းနေသလိုမျိုးခံစားနေရသည်။
"ကောင်လေး ကောင်လေး"
နားထဲအတော်လေးယဉ်ပါးနေတဲ့ ခေါ်သံဩရှရှကြောင့် Baekhyun မျက်လုံးဖွင့်လိုက်မိတာအလျင်အမြန်ပင်။ဒီတစ်ခါမှာတော့ မြင်ကွင်းတွေကထင်ရှားနေပါသည်။
"ဦး.."
ခြောက်သွေ့နေတဲ့လည်ချောင်းထဲကနေထွက်သွားတဲ့ Baekhyun ရဲ့အသံက တိုးလျပြီးအက်ရှရှဖြစ်နေသည်။
"ကောင်လေး သတိရလာပြီ၊ သက်သာရဲ့လား၊ ခေါင်းထဲမခံမရပ်နိုင်အောင်ဖြစ်တာမျိုးရှိသေးလား"
Baekhyun လှဲနေတဲ့အိပ်ရာဘေးနားမှာ ဦးက တင်ပလ္လင်ခွေထိုင်နေပြီး ငုံ့ကြည့်ကာ ညင်ညင်သာသာမေးလာသည်။ဦးဝတ်ထားတဲ့အဖြူရောင် ဆရာဝန်ကုတ်လေးဟာ Baekhyun ရဲ့အမြင်အာရုံတွေကိုရှင်းသန့်သွားစေပါသည်။
BINABASA MO ANG
Perfect Love [onging]