Perfect Love-2

324 68 13
                                    

(Unicode)

"ရပြီ ရပြီဗျ၊ ကားရပ်လို့ရပြီ၊ ဒီလမ်းထဲဝင်ရမှာ"

ကောင်လေးရဲ့စကားကြောင့် Hanwool ကကားရပ်လိုက်သလို Chanyeol လည်းလမ်းကြားလေးကိုကြည့်လိုက်သည်။လမ်းကြားလေးက လူနှစ်ယောက်လောက်ယှဉ်တွဲဝင်လို့ရတဲ့ အကျယ်အဝန်းသာရှိသည်။

"အထုတ်အပိုးတွေကိုကားပေါ်မှာပဲထားခဲ့လိုက်ဦး၊ အရင်ဆုံး ရွာလူကြီးကိုသွားတွေ့ကြတာပေါ့"

Chanyeol ရဲ့စကားအဆုံး အကုန်လုံးကားပေါ်ကနေအသီးသီးဆင်းလိုက်ကြသည်။Chanyeol ကားတံခါးကိုဖွင့်လိုက်တော့ ပေါင်ပေါ်ကကောင်လေးက ဖင်လေးအသာရွှေ့ပြီး မြေကြီးပေါ်ခုန်ဆင်းသွားပါသည်။ခေါင်းဆောင့်မိမှာကို Chanyeol စိုးရိမ်ပေမယ့်လည်း ကားဘောင်နှင့်ကောင်လေးရဲ့ခေါင်းက အသာလေးလွတ်သည်။ကောင်လေးဆင်းပြီးတော့မှ Chanyeol လည်းကားပေါ်ကဆင်းလိုက်သည်။

"လာ ဦးတို့"

ကောင်လေးကအရှေ့ကနေဦးဆောင်ပြီး လမ်းကြားလေးထဲ Chanyeol တို့ကိုခေါ်သွားသည်။လမ်းကြားဖြစ်ပေမယ့်လည်းအမှိုက်သရိုက်ကင်းပြီး အနံ့အသက်ကောင်းမွန်ပါသည်။

မိနစ်ပိုင်းလောက်လမ်းလျှောက်ပြီးသွားတော့ ခြံတံခါးအပုလေးရှေ့မှာ ကောင်လေးကရပ်သွားသည်။ထို့နောက် အသံစူးစူးလေးဖြင့်

"အဖိုးဂျင်! အဖိုးဂျင်! ဒီမှာ အဖိုးနဲ့တွေ့ချင်လို့တဲ့ ဧည့်သည်ဆရာဝန်တွေက"

"ဟေ လာပြီ! လာပြီ!"

ကောင်လေးရဲ့အသံအဆုံး အိမ်ထဲကနေပြန်ဖြေသံထွက်လာပြီး လူကြီးတစ်ယောက် တုတ်ကောက်ဖြင့်ထွက်လာသည်။

"ဆရာဝန်တွေဆိုတာ မြို့ကပရဟိတဆရာဝန်တွေလား"

ရွာလူကြီးက ခြံတံခါးဖွင့်ပြီးပြီးချင်းမေးလာသည်။

"ဟုတ်ပါတယ်ဗျ"

"ရောက်လာကြပြီကိုး၊ ဦးလေးကမျှော်နေတာကွ"

ရွာလူကြီးကို အသိလှမ်းပေးထားပြီးသားကိစ္စဖြစ်တာမို့ လူကြီးက Chanyeol တို့လာမှာကိုကြိုသိပါသည်။ဒီရွာမှာ ပရဟိတလာလုပ်ဖို့ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းအရင်းကလည်းရွာလူကြီးကြောင့်ဖြစ်သည်။လွန်ခဲ့တဲ့နှစ်က ရွာလူကြီးရဲ့ရောဂါကုသဖို့အတွက် သားသမီးဖြစ်သူတွေကမြို့တက်ရင်း Chanyeol တို့ဆေးရုံမှာကုခဲ့ကြတာဖြစ်သည်။တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်မှာပဲ ရွာလူကြီးရဲ့အကြီးဆုံးသမီးက Chanyeol တို့ဆေးရုံမှာမီးဖွားခဲ့သည်။ထိုမှတဆင့် ရွာလူကြီးရဲ့စကားကောင်းမှုကြောင့် Chanyeol ရဲ့ပထမဦးဆုံး ပရဟိတခရီးစဉ်ဟာ ရွာလူကြီးရဲ့မွေးရပ်မြေဖြစ်သွားခဲ့ပါသည်။

Perfect Love [onging]Where stories live. Discover now