Perfect Love-22

311 54 3
                                    

(Unicode)

"ညနေစာတစ်ခုခုစားချင်တာရှိလား Hyunee"

ဒေါ်ဒေါ်ပတ်က Baekhyun ရဲ့ဘေးနားမှာလာထိုင်ပြီးမေးသည်။ထို့နောက် Baekhyun လက်တင်ထားတဲ့ဗိုက်ကိုလည်း ခပ်ပြုံးပြုံးဖြင့်ငုံ့ကြည့်နေပါသေးသည်။

"ဘာဖြစ်ဖြစ်ရပါတယ် ဒေါ်ဒေါ်ပတ်ရဲ့"

"ဒါဆို ဒီနေ့ညစာ ဝက်သုံးထပ်သားက အဆင်ပြေတယ်ပေါ့"

"ဟုတ် ပြေပါတယ်ဗျ"

ဒေါ်ဒေါ်ပတ်က Baekhyun ရဲ့လက်မောင်းတစ်ဖက်ကို အသာဆုပ်ကိုင်လာသည်။

"ခြံထဲမှာထွက်ထိုင်နေတာဆိုတော့ Yeollie ကိုလွမ်းနေတာလား"

"ဗျာ......"

"မနက်ဖြန်မနက်စောစောပြန်ရောက်မယ်လို့ပြောတယ်မလား"

Baekhyun မျက်နှာပူပူနဲ့ပဲ ခေါင်းညိမ့်ပြလိုက်မိသည်။

"လေစိမ်းတွေတိုက်တာပေါ့ Hyuneeရဲ့၊ အိမ်ထဲဝင်ကြမယ်လေ"

"ဟုတ်ကဲ့ ဒေါ်ဒေါ်ပတ်"

ညနေခင်းလေညှင်းက အတော်လေးအချမ်းပိုတာမို့ ဒေါ်ဒေါ်ပတ်နှင့်အတူ အိမ်ထဲကိုလိုက်ဝင်လိုက်ပါတော့သည်။

ဦးနှင့်အတူထိုင်ကြတုန်းကမသိသာတဲ့ အအေးဓာတ်ဟာ Baekhyun တစ်ယောက်တည်းရှိချိန်မှာတော့ လွန်ကဲနေပါရောလား။

:

ညစာစားပြီး ဧည့်ခန်းထဲမှာလူကြီးတွေနှင့်အတူ ခဏတဖြုတ်ထိုင်ပြီးတော့မှ Baekhyun ကိုယ့်အခန်းထဲကိုယ်ပြန်ခဲ့လိုက်သည်။

အိပ်ချင်နေတာမျိုးမဟုတ်ဘဲ ခေါင်းထဲအတွေးတွေကစုံနေတာမို့ ခုတင်ပေါ်မှာပက်လက်လှန်လှဲရင်း ဝမ်းဗိုက်နေရာကို လက်ဖဝါးနှစ်ဖက်ဖြင့်အုပ်ကိုင်ထားမိပါသည်။

ကလေးလေး။အခုဆိုရင် Baekhyun ရဲ့ဝမ်းဗိုက်ထဲမှာ ကလေးသေးသေးလေးရှိနေပြီ။Baekhyun ကလူတစ်သန်းမှာတစ်ယောက်လောက်ပဲရှိတဲ့ သားအိမ်ပါတဲ့အမျိုးသားတဲ့လေ။

စစသိရချင်းတုန်းကခံစားရတဲ့ခံစားချက်ဟာ အဓိပ္ပာယ်တောင်မဖော်တတ်လောက်တဲ့အထိပင်။နောက်တော့ ကလေးလေးရှိတယ်ဆိုတဲ့အသိက ရှုပ်ထွေးနေတဲ့ခံစားချက်တွေအကုန်လုံးကို အဝေးပို့လိုက်ပြီး Baekhyun ရဲ့ခေါင်းထဲ ကိုယ်ပိုင်ကလေးလေးရတော့မယ်ဆိုတဲ့အသိကသာ ကြီးစိုးသွားပါသည်။

Perfect Love [onging]Where stories live. Discover now