(Unicode)
တီ တီ တီ တီ
နာနီနှိုးစက်မှအသံမည်လာတာနှင့်တပြိုင်နက် Baekhyun အိပ်ရာမှနိုးလာခဲ့သည်။အိပ်ရာထဖို့အတွက် alarm ပေးထားတာမို့ အချိန်ဆွဲမနေဘဲ အိပ်ရာမှထလိုက်ကာ အိပ်ရာခင်းကို သပ်သပ်ရပ်ရပ်သိမ်းပြီးနောက် အခန်းအပြင်ထွက်လိုက်သည်။
အိမ်ရှေ့ကစည်ပိုင်းမှာ မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးနောက် အခန်းထဲပြန်ဝင်ကာ ပေါ့ပါ့ပါးပါးတီရှပ်အင်္ကျီအပွနှင့် ဘောင်းဘီဒူးအတိအတိုကိုတွဲဝတ်လိုက်သည်။ထို့နောက် မျက်နှာပေါ်ခရင်မ်အချို့လိမ်းပြီး ဆံပင်ကိုပုံစံတကျဖြီးပြီးသွားတော့ Baekhyun ရဲ့ပြင်ဆင်ခြင်းကပြီးသွားလေပြီ။
ပြင်ဆင်ပြီး အခန်းအပြင်ပြန်ထွက်လာတော့ ဒေါ်ဒေါ်နိုးနေပြီဖြစ်သည်။
"ဒီနေ့ နေ့လယ်မှဆိုင်ဖွင့်မှာလေ၊ ထပ်အိပ်လို့ရသေးတယ် Hyunee"
ဒေါ်ဒေါ်က Baekhyun ရဲ့ပုံစံကိုသေချာမကြည့်ဘဲ အရင်ပြောသည်။ထို့နောက် တစ်ချက်သန်းဝေပြီးတော့မှ Baekhyun ကိုကြည့်လာကာ
"အယ် စတိုင်အပြည့်နဲ့ပါလား ဘယ်သွားမလို့တုန်း၊ အစောကြီးပဲရှိသေးတာကို"
"ရွာလယ်ကျောင်းကိုသွားမလို့လေ၊ ဒီနေ့ဟောပြောပွဲအတွက် သွားဝိုင်းကူပေးမလို့"
အိမ်အပေါက်ဝမှာထိုင်ချကာ ခြေအိတ်ဝတ်ပြီး ဘွတ်ဖိနပ်စီးနေတဲ့ Baekhyun ကို ဒေါ်ဒေါ်ကစူးစမ်းကြည့်နေသည်။
"အံမယ် နောက်ပိတ်ဖိနပ်တွေဘာတွေစီးလို့ပါလား"
"ဘွတ်ဖိနပ်ပါဗျ၊ ပေါ့ပေါ့ပါးပါးဖြစ်အောင်စီးတာ"
"အင်းပါ၊ သွားတာကဟုတ်ပါပြီ အစောကြီးပဲရှိသေးတယ် ဒေါက်တာတို့တောင်နိုးပါဦးမလား"
"မနေ့ကတည်းက ဒီနေ့စောစာလာခဲ့မယ်လို့ ဦးကိုပြောလိုက်ပြီးသား"
"နေပါဦး ဦးကဘာတုန်း၊ ဒေါက်တာဆိုဒေါက်တာပေါ့"
ဖိနပ်နှစ်ရံလုံးစီးပြီးသွားတော့ Baekhyun မတ်တပ်ထရပ်ကာ နှစ်ချက်လောက်ခုန်ဆွခုန်ဆွလုပ်လိုက်သည်။
"ဦးက ဦးလို့ခေါ်ဖို့ သားကိုပြောထားလို့လေ၊ နောက်ပြီး ဒေါ်ဒေါ်နဲ့လည်း အသက်တူတူပဲကို"
YOU ARE READING
Perfect Love [onging]