(Unicode)
ဒုန်း! ဒုန်း! ဒုန်း!
တစ်စုံတစ်ခုအားထုထောင်းနေသည့်အသံမှာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေသည်။အငွေ့တလူလူထွက်နေတဲ့ အိုးအဖုံးကိုဖွင့်လိုက်သည့်အခါမှာ အခိုးအငွေ့တွေဟာ ပိုလို့တောင်လျှံထွက်လာပါတော့သည်။
"ဒါတွေကို ဘယ်အချိန်ထိထောင်းနေရမှာလဲ ဆရာကြီး"
အရွက်တွေကို ငရုပ်ဆုံထဲထည့်ထောင်းနေတဲ့ တပည့်ဖြစ်သူကမေးလိုက်လျှင်
"အမှုန့်ဖြစ်သွားတဲ့အထိထောင်းပေါ့ကွ"
အငွေ့တထောင်းထောင်းထနေတဲ့အိုးကိုဇွန်းဖြင့်မွှေရင်း ဆေးဆရာကြီးကပြန်ပြောလိုက်သည်။
"တပည့်တော့ အနံ့ရတာနဲ့တင်တော်တော်မူးနေပြီ"
ထောင်းနေရတဲ့အရွက်တွေက ဘိန်းရွက်တွေဖြစ်တာမို့ တပည့်ဖြစ်သူရဲ့မျက်နှာဟာ ရှုံ့မဲ့နေသည်။
"အလုပ်ကို ကောင်းကောင်းလုပ်စမ်းပါကွ"
"လုပ်နေပါတယ်ဗျ၊ ဒါနဲ့ ဒီအရွက်တွေရော အဲ့ဒီအိုးထဲကဟာတွေရောက မူးယစ်ဆေးဝါးတွေချည်းပဲမလား၊ အခု ဆရာကြီးက ဘာဆေးဖော်မှာမို့လို့ ဒီလောက်မူးယစ်ဆေးဝါးအများကြီးကိုသုံးနေရတာလဲဗျ"
"ဟမ်းး! ဘာဆေးလို့ထင်လဲ၊ မင်းပြောကြည့်ပါဦး"
ဆေးဆရာကြီးရဲ့စကားကြောင့် တပည့်ကစဉ်းစားဟန်ပြုလိုက်သည်။
"အင်း.......တပည့် ဆရာကြီးအနားမှာနေလာခဲ့တဲ့အတွေ့အကြုံအရ အခုဖော်မယ့်ဆေးက အတော်လေးအာနိသင်ပြင်းမယ့်ပုံပဲဗျ၊ ဘာဆေးပဲဖော်ဖော် ဖော်မယ့်ဆေးက အတော်လေး ထိရောက်မှုရှိလိမ့်မယ်ထင်တယ်"
"အမှန်ပဲ! တကယ်တော့ ငါဒီလိုဆေးမျိုးကို အခုမှပထမဦးဆုံးဖော်ဖူးတာ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါဖော်တဲ့ဆေးက ငါဖြစ်စေချင်တဲ့အာနိသင်အတိုင်းဖြစ်လိမ့်မယ်ဆိုတာ ယုံကြည်တယ်"
"ဟုတ် တပည့်လည်းယုံကြည်ပါတယ်၊ ဒါနဲ့ အခုဖော်တဲ့ဆေးပြင်းက ဘာအတွက်လဲ ဆရာကြီး"
"ဘယ်သူ့အတွက်လဲလို့ မင်းမေးသင့်တာ"
"ဗျာ..."
YOU ARE READING
Perfect Love [onging]