" မောင်ကလေ မလိုချင်လို့ပစ်ထားခဲ့ကြတာလို့ တစ်လျှောက်လုံးထင်နေခဲ့မိတာ...မွေးစားထားတဲ့မိဘကလည်း မချစ်သလိုအရေးလည်းမလုပ်တော့ မောင့်စိတ်တွေ အရမ်းပင်ပန်းနေခဲ့တာ ဒီကြားထဲ သူတို့သားကပါ မကောင်းတာမို့ ငယ်လေးနဲ့ကြီးမေကပဲ မှီခိုစရာအဖြစ်ရှိနေခဲ့တာ "
" ကိုယ့်ကလေးလေး ပင်ပန်းသွားခဲ့ပြီ "
" မောင့်ကို ဘယ်အချိန်ကစမှတ်မိခဲ့တာလဲ "
" မောင်ပိုက်ဆံလှမ်းပေးတဲ့အချိန်တုန်းက လက်ကောက်ဝတ်မှာပတ်ထားတဲ့လက်ပတ်ကြိုးလေးရယ် ဆွဲကြိုးလေးရယ်ကြောင့် မှတ်မိသွားခဲ့တာ "
" အဲ့ဒါဆိုရင် မောင်တို့က ဖူးစာဖက်တွေပေါ့နော် အဲ့ဒါကြောင့်မို့ ကံတရားက မဖြစ်မနေဆုံပေးခဲ့တာနေမယ် "
" ကိုယ်ဆို မောင့်ကိုချစ်နေရဲ့သားနဲ့ မသိသာအောင် နေရတာ အပင်ပန်းဆုံးပဲ မောင်ရယ် "
" မောင်...မောင်လို့ခေါ်နေတော့လေ နားဝင်ချိုလိုက်တာ ခေါ်ခိုင်းတုန်းကတော့ မခေါ်ချင်သလိုလိုနဲ့ "
" အဲ့လိုခေါ်ပြန်တော့လည်း မကြိုက်ဘူးလား ယောက်ျားတွေများ အခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့ အမျိုးမျိုးပဲ "
" အဲ့ဒီတော့ မောင့်ကိုမချစ်ဘူးလားဟင် "
" ပြွတ်စ် "
" မောင်ဘယ်လိုတွေဖြစ်နေတာလဲ အရင်ကထက်ပိုယွလာသလိုပဲနော် "
" အချစ်ကြောင့်လေ ကိုယ်ချစ်ရတဲ့သူနဲ့ဆိုရင် ကိုယ့်ဖြစ်တည်မှုမှန်သမျှထုတ်ပြတတ်တာက လူတိုင်းကလုပ်ကြတာပဲလေ ငြိုငြင်ချင်နေတာလား... "
" ပြော...ပြောစမ်း "
" မပြောဘူးကွာ "
" မပြောရင် ဒီလိုနမ်းတယ်ကွာ "
" အ့ ဆူးတယ် နှုတ်ခမ်းမွှေးတွေက ဖယ် ညစ်ပတ်ကောင် အာ...မလုပ်နဲ့လို့ "
" အွန့်.. "
မလုပ်ပါနဲ့ဆို ပို၍လုပ်လာသည့် နှုတ်ခမ်းမွှေးငုပ်စိတိုတွေနဲ့ လိုက်ပွတ်သပ်ကာနမ်းနေသူကြောင့် အူယားလာရသည်မို့ လက်နှစ်ဖက်ဖြင့် မျက်နှာကိုအုပ်ကိုင်ကာ နှုတ်ခမ်းဖူးဖူးလေးတွေကို သိမ်းပိုက်ကာ နမ်းလိုက်သည်။ ချိုသည် ကိုယ်ချစ်ရသူရဲ့အစိတ်အပိုင်း ဖြစ်သောကြောင့် ပို၍လိှိုက်ခုန်ရင်မောရသည်။
YOU ARE READING
ရင်ခုန်သံထပ်တူ
Romanceအချစ်စစ်မှန်ခဲ့ပြိး ရင်ခုန်သံတွေထပ်တူကြခဲ့ရင်လည်း တစ်နေ့ နီးကိုနီးစပ်လာမှာ....
Part-14[Unicode]
Start from the beginning
