Part-14[Unicode]

64 0 0
                                        

" ဒီမှာကြည့်ကြည့် မောင် ငယ်ငယ်ကပုံလေးတွေ ကိုယ့်လက်ပေါ်မှာ မောင်ကြီးပြင်းလာခဲ့တာ "

" မောင်က ငယ်ငယ်လေးကတည်းက ချောတာနော် ကိုကိုကလည်း ဖြူဖြူဖွေးဖွေးလေးနဲ့ ချစ်စရာလေး အဲ့ဒီကတည်းက ကိုကိုနဲ့မောင်က ဖူးစာရှိခဲ့တာနေမယ်နော် "

" ဟင်...ဒါက ဦးလေးနဲ့အန်တီတို့မလား သူတို့က ဘာလို့ချီထားကြတာလဲ "

" မောင့်ဖေဖေနဲ့မေမေလေ "

" ဖေဖေနဲ့မေမေ... မောင့်ဖေဖေနဲ့မေမေလား "

" ဟုတ်ပါ့ဗျာ မောင့်မိဘနှစ်ပါးလေ မောင့်ကိုအရမ်းချစ်ကြတဲ့ မိဘနှစ်ပါး မောင့်ကိုလိုက်ရှာနေကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ရောပေါ့ "

" မောင့်ကို ဂေဟာမှာ စွန့်ပစ်ခဲ့ကြတာမဟုတ်ဘူးလား မချစ်လို့ စွန့်ပစ်ထားခဲ့ကြတာ မဟုတ်ဘူးလား အခုမှဘာလို့လိုက်ရှာနေကြတာလဲ ဘာလို့လဲ ကိုကို...မောင်...မောင်က ချစ်ဖို့မထိုက်တန်လို့များလား ဟင်...ရင်ထဲတစ်ဆို့ဆို့နဲ့ နာလိုက်တာ "

" မချစ်လို့မဟုတ်ရပါဘူးကွာ မသက်သာလို့ ဂေဟာမှာထားခဲ့ကြတာပါ...အဲ့ဒါကလည်း မောင့်ကိုကယ်ဖို့အတွက်တဲ့ စိတ်မဆိုးပါနဲ့ ကိုယ့်ကလေးရယ် ငိုချင်ရင် ငိုချလိုက်လေနော် မျိုသိပ်မထားနဲ့ "

" ကိုယ်ရှင်းပြမယ် ကလေးလေး နားထောင်မယ်မလား "

" အဲ့ဒီနေ့တုန်းက ကလေးက ၆နှစ်သားလေးပေါ့ အဖိုးအဖွားတွေက တွေ့ချင်ကြတယ်ဆိုလို့ တောင်ကြီးဘက်ကို ခရီးထွက်သွားကြတာ အဝေးပြေးလမ်းမမကြီးပေါ်မောင်းနေတုန်းရှိသေးတယ် ဦးလေးရဲ့လူယုံက လုပ်ကြံလိုက်တော့ ရှောင်ပြီးမောင်းနေရင်းနဲ့ သေနတ်ဒဏ်ရာ ရသွားခဲ့တယ်။ ကလေးငယ်ကပါ ဒုက္ခရောက်မှာဆိုးလို့ မြို့စွန်နားက ဂေဟာတစ်ခုမှာ ဦးလေးက ဆရာမကြီးကိုအပ်ထားခဲ့ပြီး ထားခဲ့တာ... "

" သက်သာသွားလို့ပြန်လာရှာရော ဂေဟာကမီးလောင်သွားခဲ့ပြီ။ ဆရာမကြီးလည်း မီးလောင်တဲ့အထဲပါသွားခဲ့သလို မောင်ကပါ ပျောက်သွားခဲ့တယ်။ အဲ့ဒါတွေအကုန်လုံးက ဦးလေး ကိုယ်ကို့ပြောပြထားခဲ့သမျှအကုန်ပဲ "

ရင်ခုန်သံထပ်တူWhere stories live. Discover now