" ငါတို့ကဘာလဲ စေသူ မိသားစုတွေလေ မိသားစုဆိုတာ ကျေးဇူးလိုလို့လား "
" အင်းပါကွာ အဲ့တာဆို ငါဆို့ပြန်လိုက်အုံးမယ် "
" အေး ဂရုစိုက်ပြန် "
သြော်....ဘာလိုလိုနဲ့ ကိုယ့်သူငယ်ချင်းအောင် အိမ်ထောင်ပြုတော့မည်။
...........
မေဂျာချိန်ပြီးတော့ မိုင်နာအချိန်ရောက်ပြီမို့ တစ်ချို့က ကန်တင်းသွားကြသလို တစ်ချို့က ချစ်သူတွေနဲ့ ကြည်နူးနေကြသည်။ အဲ့ဒီ့လူတွေထဲ ကျွန်တော့်သူငယ်ချင်း ငချမ်းပါ အပါအဝင်....Botany အဆောင်က Fourth Year စီနီယာမမကိုသွားကြောင်နေတာ ဟိုက သူ့ကိုအရေးမလုပ်တာကိုပင် သူ့မှာမျက်နှာပြနေရတာက အခါခါ
အဆောင်ခန်းမှထွက်ပြီး နောက်ကျောပေးကာ ဖွန်လှမ်းကြောင်နေသော နဝါးကို စာအုပ်နှစ်အုပ်ထပ်ကာ ကျောပြင်ကို ဗျောတင်ပေးလိုက်သည်။
*ဗြန်း!*
" အ့...နာလိုက်တာ....ဘယ်ခွေးကောင်လဲ ငါ့ကိုလုပ်တာ ဒီ......မင်းကွာ လူလိုခေါ်ပါလားကွ ပူထူသွားတာဘဲ "
နာသွားသောနောက်ကျောပြင်ကိုလက်နောက်ပြန်လှမ်းပွတ်လျက်မေးလေတော့
" မင်း! ခွေးကောင် နာတယ်ဟ! လူလိုခေါ်ပါလားကွ "
" လူလိုခေါ်တော့ရော မင်းကလှည့်ကြည့်မယ်တဲ့လား အဟွန်း ဟိုကချေနေသလောက် မင်းဘဲယွနေတာ မြင်မကောင်းဘူး "
" ဟျောင့် အချစ်မှာမျက်စိမရှိဘူးတဲ့ ချစ်မိသွားရင် သူဘယ်လိုနေနေ မျက်လုံးထဲ အဆင်ပြေနေရော အေးပေါ့ကွာ မင်းကမချစ်ဖူးသေးတော့ ငါ့ခံစားချက်ဘယ်သိမလဲ "
" ဘယ်သူပြောလဲ ငါမချစ်တတ်ဘူးလို့ အဲ့ဒါတွေနောက်ထား ငါ The Linkကိုသွားမလို့ မင်းလိုက်ခဲ့မလား ဟိုကောင် သန့်ဇင်ခေါ်ထားတယ် ပြောစရာရှိလို့တဲ့ "
" အေး သွားမယ် သူ့ဘဲကြီးခေါ်တာနဲ့အနောက်ကနေ တစ်ကောက်ကောက် ပါသွားတဲ့ကောင်ကို တွေ့ရင် နရင်းအုပ်ပစ်အုံးမယ် "
ကျိန်းဝါးပြောဆိုရင်း သူငယ်ချင်းနှစ်ယောက်သား သန့်ဇင်နဲ ့ချိန်းထားသည့် The Linkသို့ထွက်လာလိုက်သည်။
*ဘုန်း!*
" အ့ ဘယ်ခွေး......ရဲရင့် မင်းကွာ "
" အေး ငါ....ဟမ့် ဘာပြောမလို့ခေါ်တာလဲ လင်ခေါ်ရာနေါက် ကောက်ကောက်ပါအောင်လိုက်သွားတဲ့ကောင် "
YOU ARE READING
ရင်ခုန်သံထပ်တူ
Romanceအချစ်စစ်မှန်ခဲ့ပြိး ရင်ခုန်သံတွေထပ်တူကြခဲ့ရင်လည်း တစ်နေ့ နီးကိုနီးစပ်လာမှာ....
