" မင်း! လက်ကိုလွှတ်..လွှတ်..လွှတ်လို့ပြောနေတယ် မင်းနားမကြားဘူးလား "
ဆိုင်ထဲရှိ စားသုံးသူတွေကပါ လှည့်ကြည့်လှည့်ကြည့်ဖြစ်လာသည်မို့ လွှတ်ရန်ပြောပြန်တော့လည်း အရေးမလုပ်
" အစ်ကို့ကို ပိုးပန်းခွင့်ပေးရင် လွှတ်ပေးမယ်လေ ပြီးတော့ ရင်ခွင်ကျယ်ကြီးထဲ ထည့်သိမ်းထားမယ်လေ ဟင်... "
လက်ကိုရုန်းလို့ ငြင်းဆန်နေသူရဲ့ နားအနားကပ်ခါ တိုးတိုးလေးကပ်မေးလိုက်သည်။
* ဒုန်း *
" အေး အခွင့်လည်းမပေးသလို ငါ့လက်ကိုလည်း မလွှတ်ပေးတဲ့အတွက် ရော့... ကွာ! "
အနီးနားတွင် ထားထားသော steel ရေဘူးအလတ်အားကောက်ကိုင်ကာ ခေါင်းကို ရိုက်ထည့်ပေးလိုက်သည်။
" အား!! အစ်ကိုရာ ကိုယ့်ချစ်သူဖြစ်လာမယ့်သူကို အစ်ကိုမို့လုပ်ရက်တယ်။ ကြည့်ပါအုံး ကွဲသွားပြီလားမသိဘူး "
" မသေဘူး အသက်နဲ့အဝေးကြီး "
" လူကရှည်သလောက် ဟိုဟာကြတိုတယ် "
" ဘာတိုတာ!! "
" စိတ်... စိတ်ကို...စိတ်တိုတာကိုပြောတာ စိတ်လျှော့ စိတ်လျှော့ပါ ဟီး ပြန်ပြီနော် နောက်တစ်ခါကြ ထပ်တွေ့မယ်နော် "
အတင်းတုပ်ကာမှ လူသိဆိုသလိုပင် နောက်ထပ်ဘုသီးမရခင်ပြန်တာက အကောင်းဆုံး မဟုတ်ရင် အစ်ကို့လက်စာထပ်မိဖို့က မကြာခင်ပင်
................................
ဘာလိုလိုနဲ့ အချိန်တွေကြာလာလိုက်တာ ငသန့်တို့ လက်ထပ်ပွဲနေ့တောင် ဒီနေ့ Cafeဆိုင်တစ်ဆိုင်မှာလုပ််ဆိုလို့ ရဲရင့်နဲ့အတူသွားဖို့ပြင်ဆင်ထားတယ်။
* Ti Ti Ti! *
အိမ်ရှေ့မှ ကားဟွန်းတီးသံကြောင့် ရဲရင့်ရောက်နေပြီဆိုတာ သိလိုက်သည်မို့ ပွဲတက်ဝတ်စုံ နက်ပြာရောင်ကိုဝတ်ဆင်ကာ ရင်ထိုးကလစ်ကို နက်ကတိုင်မှာတပ်ပြီး ဆံပင်တို့ကို ပုံကျအောင်သပ်တင်လိုက်သည်။ပြီးသည်နှင့် လက်ဖွဲ့ပစ္စည်းယူကာ အောက်ထပ်ကိုဆင်းလာလိုက်သည်။
" ဝါး....မင်းချောတာ ငါ့ကိုမမှီဘူး "
" ကိုကိုရဲရဲကလည်း ချောပါတယ် ဒါပေမယ့် အင်း... ငယ့်ကိုကိုကြီးကိုတော့မမှီဘူး "
YOU ARE READING
ရင်ခုန်သံထပ်တူ
Romanceအချစ်စစ်မှန်ခဲ့ပြိး ရင်ခုန်သံတွေထပ်တူကြခဲ့ရင်လည်း တစ်နေ့ နီးကိုနီးစပ်လာမှာ....
