Part-3[Unicode]

109 1 0
                                        


ဒီကလေးလေးဟာ ၁၈နှစ်ပြည့်မွေးနေ့မှာ ဒီဂေဟာသို့လာကာ ' သားက ဒီကလားတဲ့ ဖေဖေနဲ့မေမေက​ပြောတယ် သားက သားအရင်းမဟုတ်ဘူးတဲ့ 'ဆိုတဲ့စကားကြောင့် ဘဝအမှန်ကိုသိသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

" လာလည်တာလား သား လက်ထဲမှာလည်းအထုပ်တွေနဲ့ ဝယ်လာပြန်ပြီလားကွယ် "

" နည်းနည်းပါးပါးပါ ဆရာမကြီး အရင်ဆုံးကလေးတွေနဲ့ဆော့ပေးလိုက်ပါအုံးမယ် "

" ကောင်းပါပြီ ဆရာမကြီးကို အထုပ်တွေပေး ဆရာမကြီးပြင်ပေးထားမယ် "

" ရပါတယ်ဗျာ ကျွန်တော်ဘဲသွားထားလိုက်ပါ့မယ် "
အထုပ်များကိုသွားထားပြီး ကလေးတွေနှင့်အတူဆော့နေလိုက်သည်။

လက်တွင်ပတ်ထားသော နာရီကိုကြည့်လိုက်တော့ အချိန်ကား နေ့လည်၁၁ထိုးတော့မှာမို့ ခနနားကာ ကလေးတွေနဲ့အတူ အရိပ်အောက်တွင် အမောဖြေနေလိုက်တယ်။ ကလေးတွေအား ခြေလက်ဆေးကြောပေးနေရင်း မိမိပါ ဆေးကြောလိုက်သည်။ ပြီးသည်နှင့် မီးဖိုဆောင်ထဲဝင်ကာ ဝယ်ထားသည်များကိုချက်ပြုတ်လိုက်သည်။ ချက်ထားသောအရာများကို စားပွဲခုံပေါ် ပြင်ဆင်ကာအုပ်ထားလိုက်ပြီး ခနနားကာ ရေသွားချိုးဖို့ပြင်ဆင်လိုက်သည်။ ရေချိုပြီးပြင်ဆင်ပြီးထွက်လာတော့ ၁၂ခွဲပြီမို့ ကလေးတွေနဲ့အတူ နေ့လည်စာစားလိုက်သည်။

" ကဲ ကလေးတွေ မစားခင်ဘာလုပ်ရမလဲ ကိုကို့အတွက်ဆုတောင်းပေးရမယ်လေ ဟုတ်ပြီလား "

" ကိုကို မွေးနေ့မှာပျော်ရွှင်ပါစေ ကျန်းမာပါစေ ချမ်းသာပါစေ အသက်ရှည်အနာကင်းပါစေ "all

" ဆုတောင်းပေးပြီးပြီဆိုတော့ ကိုကိုနဲ့အတူ ကိတ်မုန့်ခွဲကြရအောင်နော် "
" Happy Birthday To You
  Happy Birthday To You
  Happy Birthday Dear Ko Ko Shin Khant Paing
Happy Birthday To You ယေး...''

Birthday songဆိုပြီးသည်နှင့် ကိတ်ခွဲကာ ဆရာမကြီးနှင့် ကလေးတွေအား ကိတ်မုန့်ခွံ့ကျွေးကာ ကျန်သောကိတ်မုန် ့​တွေကို တစ်စိတ်စီဝေပေးလိုက်ပြီး ဝယ်လာသောအရုပ်တွေကိုလည်း တစ်ရုပ်စီဝေပေးလိုက်သည်။စားပြီးသောက်ပြီး နေ့လည်၃နာရီလည်းထိုးပြီမို့ အိမ်ပြန်ရန် ဆရာမကြီးအား နှုတ်ဆက်ကာ ကား​မောင်းထွက်လာလိုက်တယ်။

ရင်ခုန်သံထပ်တူTempat cerita menjadi hidup. Temukan sekarang