Part-12[Unicode]

62 0 0
                                        

အမှန်တစ်ကယ်က ညီက ဦးလေးတို့ရဲ့သားဖြစ်သည်မို့ မိသားစု၃ယောက် ရင်းနှီးသွားအောင် ထားခဲ့ခြင်းဖြစ်တယ်။ သားအရင်းမှန်းမသိကြသေးသည့်တိုင် သားတစ်ယောက်လို ချစ်ခင်ပေးကြသည်မို့ ထားခဲ့ဖို့စိတ်ချရပါသည်။

ဒီနေ့ကဆိုင်ပြန်ဖွင့်ရက်ဖြစ်သည်မို့ လာစားနေကြ ဖောက်သည်တွေရှိသလို Anni Surprise အတွက်မှာကြတာတွေလည်းရှိတယ်။ နေ့လည်ပိုင်း ထမင်းစားနားချိန်ရောက်နေသည်မို့ kitchen roomထဲတွင်လည်း လူမရှိကြတော့ပေ

" ပန်းအမှာ လာပို့တာပါရှင့် "

" ကိုယ်မမှာထားမိဘူးထင်တယ် "

" အစ်ကို့အတွက်ဆိုပြီး ပန်းစည်းလက်ဆောင်လာမှာထားလို့ လာပို့ပေးတာပါရှင့် "

" သြော်.....ခဏလေးနော် ဖုန်းလာလို့ "

" Hi အစ်ကို ဒီနေ့ပထမဆုံးရက်နော် အစ်ကို့အတွက် ပန်းစည်းလေးမှာပေးထားတာ ရောက်လောက်ပြီထင်တယ် "

" ကိုယ့်အတွက်မလိုတာမို့ ကျေးဇူးပါ "

" ကိုယ့်ဘက်က လက်မခံနိုင်တာမို့ ပြန်ယူသွားလိုက်ပါ ညီမ "

" ဟုတ်ကဲ့ပါ ညီမပြန်ယူသွားပါမယ် "

" ဟူး မပတ်သတ်ခြင်လည်း သည်းခံရအုံးမည် "

လူဆိုးကောင်လေးအကြိုက် စတော်ဘယ်ရီကိတ်လေးပြုလုပ်မည်မို့ စတင်ပြင်ဆင်ပြီး ပြုလုပ်နေခဲ့လိုက်သည်။ ကိတ်မုန့်ကို သေချာအလှဆင်ပြီးသွားသည်နှင့် ထိုကောင်လေးရှိရာဆီပို့ခိုင်းလိုက်သည်။

" hello သီဟ ပြော.... "

" hello boss ရုံးခန်းက သရဲခြောက်တော့မယ် လာဖို့ရော အစီအစဉ်ရှိသေးရဲ့လား... ဒီနေ့အရေးကြီးတဲ့အစည်းအဝေးရှိတယ်နော် bossမလာလို့မရဘူး မဟုတ်ရင် ကုမ္ပဏီကဒေဝါလီခံရတော့မယ် "

" အေးပါကွာ လာမယ် လာမယ် မင်းရဲ့အပူရုပ်ကိုမကြည့်ချင်လို့ လဲစရည အဝတ်အစားစီစဉ်ထားပေး  "

" Yes! boss "

ကော်ဖီဆိုင်မှပြန်ထွက်ပြီး ရုံးကိုတန်းသွားလိုက်သည်။ ကားပါကင်မှာ ​သေချာရပ်နားပြီး သီးသန့်ဓာတ်လှေကားမှတစ်ဆင့် ၃လွှာသို့တက်လာခဲ့လိုက်သည်။

ရင်ခုန်သံထပ်တူWhere stories live. Discover now