Part-4[Unicode]

101 1 0
                                        

ဘာလိုလိုနဲ့ အချိန်တွေ တစ်ဖြည်းဖြည်းမြန်လာကာ ဒီနေ့ဆိုရင်ဖြင့် အဝေးသင်သွားတက်ရမည့်နေ့​ရောက်လာသည်မို့ စောစောထကာ ရေချိုးခေါင်းလျှော်ပြီး လိုအပ်တဲ့စာအုပ်နဲ့ဘောပင်၊ ကားသော့တို့ကို လွယ်အိတ်ထဲသေချာထည့်ပြီး အောက်ဆင်းလာလိုက်သည်။

" မောနင်း ဒယ်ဒီ မောနင်း မာမီ "

" အင်း...."
နှုတ်ဆက်လိုက်လျင် ဒီလိုဘဲထွက်လာသည်မှာ လွန်ခဲ့တဲ့ ၃နှစ်ကတည်းကဖြစ်သည်။

" သားလတ်ပြန်လာပြီ အဲ့တာ မနက်ဖြန် မင်းသွားကြိုလိုက်အုံး "

" ကျွန်တော် မအားဘူး ဒယ်ဒီ အဝေးသင်ကျောင်းဖွင့်ရက်ရှိတယ် ပြီးတော့ Pratical Testဖြေရအုံးမှာ ဦးလေးထွန်းကိုဘဲ လွှတ်လိုက်လို့မရဘူးလား "

" မရဘူး မင်းက ဘာတွေ အလုပ်ရှုပ်နေတာမလို့လဲ ပြီးတော့ ငါ့သားကိုတောင် သွားမကြိုနိုင်ရအောင် ငါတို့ထပ်ဘာတွေများအရေးကြီးနေလို့လဲ "

" ကျွန်တော့်ပညာရေးလေ အရေးကြီးတာပေါ့ ကျွန်တော့်ခွန်အားနဲ့ အလုပ်ကတစ်ဖက် စာကတစ်ဖက်လုပ်ပြီး တက်နေရတာ၊ အားလုံးရဲ့အမြင်မှာ ကျွန်တော်ဟာ ဒယ်ဒီ့သားလို့မြင်ကြပေမယ့် သားဆိုတဲ့ အခွင့်အရေးကို အသက်၁၈ပြည့်တဲ့နေ့ကတည်းက ဒယ်ဒီတို့စွန့်လွှတ်ခဲ့ကြတာလေ၊ လိုအပ်မှ သားလို့ထုတ်ဖော်တတ်တာ မလိုအပ်ရင်တော့ ကျွန်တော်ဟာ အပယ်ခံတစ်ယောက်လိုချန်ထားခံရတာလေ! "

" ဒယ်ဒီနဲ့ မာမီ မှတ်မိနေမှာပါ အဲ့ဒီနေ့ကို...."

Before two years ago,
မွေးစားတုန်းကတော့ သားအရင်းလို သဘောထားပြီး ချစ်ပေးပေမယ့် သွေးသားအရင်းရလာတော့ ညီလေးကိုပိုချစ်ပေးနေကြတာကို ကျွန်တော် မတွန့်တိုခဲ့ပါဘူး။ အဲ့ဒီအချိန်တုန်းက ကျွန်တော်ဟာ အစ်ကိုကြီးတစ်ယောက်ဆိုတော့ ကိုယ့်ညီလေးကို မလိုမုန်းထားခြင်းလည်းမရှိခဲ့ပေမယ့် အနားကပ်ရင်တောင် မကြိုက်ကြတဲ့မိဘတွေမို့ အဝေးကနေဘဲ ညီလေးကိုချစ်ပေးခဲ့ရတယ်။

အဲ့ဒီအချိန်ကနေစပြီး သူတို့ထားရာနေ ကျွေးရာစား ထားပေးတဲ့ကျောင်းမှာနေပြီး ကြီးပြင်းလာခဲ့တာ အသက်၁၈နှစ်ပြည့် မွေးနေ့မတိုင်ခင်ထိပေါ့ မိဘနှစ်ပါးကို ကန်တော့မယ်ဆိုပြီး သူတို့အခန်းတံခါးကိုခေါက်လိုက်တယ်။ ခေါက်ပေမယ့် ဝင်လာခဲ့လို့မပြောတာကြောင့် တံခါးလော့ခ်ကိုလှည်ဖွင့်ရန်ကြံကာမှ မထင်မှတ်ဘဲ ကြားလိုက်ရသည်က

ရင်ခုန်သံထပ်တူWhere stories live. Discover now