Part-13[Unicode]

64 0 0
                                        

" အွင်း...ဟာ့ အဟင်း ရှေ့ဆက်ကြမလား ကိုကို "

" ဟင့်အင်း....ရပ်..ရပ်ကြရအောင် ကိုယ်နဲ့မင်းက ချစ်သူတွေမှမဟုတ်တာ "

" အချင်းချင်း အနမ်းတွေတောင်ဖလှယ်ပြီးနေကြပြီကို ဘာကိုမဟုတ်တာလဲ မောင့်ကို ချစ်လား... ဖြေပေးနော်  "

" မချစ်...ချစ်....အ့ မချစ်ဘူး....ဟင့်....မလုပ်နဲ့ "

" ဟင်....အခုအောက်ကိုချပေး! ချပေးလို့! ဘယ်ကိုခေါ်သွားနေတာလဲ "

" ချပေးမယ်လေ မလောပါနဲ့ ဖြည်းဖြည်းပေါ့ "

" ဘာပြောတယ်!! မင်း သေပြီမှတ် "

" အ့ အနိုင်ကျင့်တယ်နော် လူကြီးဖြစ်ပြီးတော့ "

" လူကြီးဖြစ်တော့ရော မကျင့်ရဘူးလား အခုချပေးလို့ပြောနေတယ်နော် "

" ချပေးမှာပါဗျာ ခုံပေါ်ကိုချပေးမှာ စကားဆုံးအောင်ပြောခွင့်မပေးဘူး တစ်ကယ်ပဲ "

ခါးမှပွေ့၍ ပင့်မကာ ခါးထစ်ခွင် ချီထားလိုက်ပြီး ခုံအနားသို့ခေါ်လာလိုက်လေတော့ ကျောပေါ်ရောက်လာသော လက်ဖဝါးရိုက်ချက်လေးများ

" ချစ်သူတွေ ဖြစ်သွားပြီနော် ပါးစပ်ကမဖွင့်ဟလည်းရတယ်။ ကိုကို့မျက်ဝန်းတွေက လိမ်လို့မရသလို ရင်ခုန်သံတွေကလည်း မောင်တောင်ကြားနေရတာ လိမ်မနေနဲ့တော့ "

" အဟွန်း ကိုယ့်ကို အရမ်းအနိုင်ကျင့်လွန်းလိုက်တာ ချစ်ချင်စရာကိုမကောင်းဘူး လူဆိုးကောင် "

" အဲ့ဒီ့လူဆိုးလေးက ကိုကို့ချစ်သူ မောင်လေ "

" ဟွန်း! "
" တစ်စုံတစ်ယောက်ကတော့ နေရာအလုယူခံရတဲ့ ကလေးတစ်ယောက်လို ဆူပုတ်နေတာပဲဗျာ "

" ဆူပုတ်ပုတ်ရုပ်ကလေးက အရမ်းချစ်ဖို့ကောင်းလိုက်တာဗျာ...မောင် ဆိုင်ဘက်ခန သွားလိုက်အုံးမယ် အပြန်ကျ မောင်လာဝင်ကြိုမယ်နော် "

" ဖယ် ကလေးမဟုတ်ဘူး ပြောင်ချော်ချော်မလုပ်နဲ့ "

" ဟုတ်ကဲ့ပါဗျာ မောင်သွားပြီနော် "

ရုံးခန်းတံခါးကို ဖွင့်ကာထွက်လိုက်တော့ အခန်းတံခါးနားမှာစုပြုံနေသော ဝန်ထမ်းများ

ရင်ခုန်သံထပ်တူTempat cerita menjadi hidup. Temukan sekarang