နောက်အပတ်တွင်လည်း ဟိုတစ်ပတ်ကလိုပင် တစ်ပတ်ခြားတစ်ခါပို့လာသော ပန်းစည်းနှင့် စာကတ်တွင်ရေးထားသည်က
" နှင်းဆီပန်းနှစ်ပွင့်က ကိုယ် မင်းကို နက်နက်နဲနဲ ချစ်မိနေကြောင်း ဖော်ပြခြင်းဘဲ ကိုယ့်နှလုံးသားထဲ တစ်ဖြည်းဖြည်းနစ်ဝင်လာတဲ့ အချစ်ဆူးလေးကို မနှုတ်ထုတ်ဘဲ အမြတ်တနိုးနဲ့ ထိန်းသိမ်းထားရတာ အဲ့လောက်အထိ ကိုယ်မင်းကိုချစ်ပါတယ် "
ကောင်တာအောက်ဘက် စတိုခန်းတွင်အများပြားရှိလာနေပြီ။
ဒီနေ့ မျှော်နေမိတာလားဆိုပြန်တော့လည်း ဝန်ခံရမှာရှက်မိတယ် မဟုတ်ဘူးလို့ပြောပြန်တော့လည်း လိမ်နေရသလို နေရတာမလုံပြန်ရော
" ချလွင်.....ချလွင် "
" ဟင်......သြော် ဧည့်သည်ဘဲ "
" ချလွင်.....ချလွင် "
" ဟင်.... "
" ဟင်းး.....အဟင်း "
ဟူး...မဟုတ်နေပြန်ဘူးဘဲ။ အဟင်း ကိုယ့်ကိုကိုယ်ရယ်မိပြန်တယ်။ ငါ့စိတ်က သူပို့လာမှာကို တော်တော်မျှော်နေမိတာလား.....
အတွေးထဲ၌
" အစ်ကို့ဘက်ကလည်း ကျွန်တော့်ဘက်ကပိုးပန်းခွင့်ကို မပိတ်ပင်ဘဲ လက်ခံခွင့်ပြုရမယ့်ကတိ....ဘယ်လိုလဲ ပေးနိုင်မလား "
သူဘဲ ကတိတွေတောင်းပြီး အခုကြ ကတိမတည်ချင်တော့တာလား....
.................
နောက်တစ်နေ့....
" ချလွင်.....ချလွင် "
" ဟင်......သြော် ရဲရင့်ပါလား ကြိုဆိုပါတယ်ညီလေး "
" ဟုတ်ကဲ့ ကော်ဖီလာသောက်တာ ပိုက်ဆံမပါလာဘူးနော် ရတယ်မလား ဟဲဟဲ "
လည်ပင်းကို ပွတ်နေရင်းဖြင့်
" အာ.....ရပါတယ် ဒါနဲ့......ဟို... "
" အကို မေးစရာရှိလို့ ဟို အသေးလေးလေ နာမည်က....အမ်း...ကျစ် ကျွန်တော်မေ့နေလို့ "
" ကိုကောင်း ဒီမှာ ဘောင်ချာစာရင်းတွေ မမသူဇာပေးခိုင်းလိုက်လို့ "
" သူ သူ ကျွန်တော်နာမည်မေ့နေလို့ အဲ့အသေးလေး "
" ဘာ! လူကိုများ အသေးလေးတဲ့ ကြီးတယ်ဗျ "
YOU ARE READING
ရင်ခုန်သံထပ်တူ
Romanceအချစ်စစ်မှန်ခဲ့ပြိး ရင်ခုန်သံတွေထပ်တူကြခဲ့ရင်လည်း တစ်နေ့ နီးကိုနီးစပ်လာမှာ....
