Part-11[Unicode]

67 0 0
                                        

၁၀နာရီကျော်လောက် ဦးလေးတို့ရှိရာ အိမ်ကိုရောက်လာတာမို့ ဘယ်သူ့မှမခေါ်တော့ဘဲ သော့အပိုဖြင့် ခြံတံခါးဖွင့်ပြီး ကားမောင်ဝင်လာလိုက်သည်။

" အန်တီက သားတို့လာမယ်ဆိုလို့ ညစာအတွက်ဟင်း​တွေပိုချက်ထားသေးတယ်။ သားတို့ညစာစားကြတော့မလား "

" ဘာမှစားမလာတော့ ဗိုက်ကဆာနေတယ်။ စားမယ်အန်တီ သားတို့ဘာသာပြင်စားလိုက်ပါ့မယ် "

" အဲ့ဒါဆိုရင် ထမင်းစားပြီး နားလိုက်တော့နော် အန်တီသွားအိပ်တော့မယ် "

" ဟုတ်ကဲ့ ကောင်းသောညပါခင်ဗျ "

" အေးအေး သား "

" လာ...ကိုယ်တို့ထမင်းစားပြီး နားရအောင်...အပေါ်ထပ်က ညာဘက်အခန်းမှာ မင်း​နေလို့ရတယ်။ အရင်ဆုံး ခြေလက်ဆေး၊ အဝတ်အစားလဲပြီး ထမင်းစားခန်းထဲလာခဲ့ "

အခန်းကိုယ်ဆီဝင်၍ ပြင်ဆင်ကာ ထမင်းစားပြီး အခန်းထဲဝင်လာခဲ့လိုက်သည်။

............

မနက် ၆ဆို အိပ်ရာကထနေကြမို့ မျက်နှာသစ်ကာ မနက်စာပြင်ဆင်ရန်အိမ်အောက်သို့ဆင်းလာခဲ့လိုက်သည်။

" Morning အန်တီ ဘာဝိုင်းကူရမလဲ "

" အကုန်ပြီးပါပြီရှင် သားဦးလေးကိုသာ သွားနှိုးပေးလို့ရမလား "

" Morning ပါ အန်တီ အိပ်ရာထတာ နောက်ကျသွားလို့ စိတ်မရှိမပါနဲ့ "

" ရပါတယ် သားရယ် စိတ်ထဲမထားပါဘူး ကိုယ့်အိမ်ကိုယ့်ရာလိုနေလို့ရပါတယ် "

" ဟို....ဦးလေးကို သွားနှိုးပေးရမလားဗျ "

" ရတယ်လေ...သား သွားလို့ရတယ် "

ထမင်းစားခန်းမှထွက်လာခဲ့ပြီး အိမ်အောက်ထပ်က အိပ်ခန်းတံခါးကို အသာခေါက်လိုက်တော့

*ဒေါက်..ဒေါက်*
" နိုးပြီမေရေ ကိုယ်ထွက်လာပြီ "

" အယ် ဧည့်သည်ကောင်လေးပါလား ပြောစရာရှိလို့လား..သား "

" ဟုတ်..အန်တီအစား ကျွန်တော်လာနှိုးပေးတာပါ "

" ကျေးဇူးပါ သားရယ် မနေ့ညက စကားကောင်းနေတာနဲ့ ဦးလေး အိပ်ရာထနောက်ကျသွားတာ လာ မနက်စာ သွားစားကြရအောင် မင်းအန်တီလက်ရာက အရမ်းကောင်းတာ..... "

ရင်ခုန်သံထပ်တူTempat cerita menjadi hidup. Temukan sekarang