အပြင်ထွက်ဖို့ ပြင်ဆင်ကာ အစ်ကို့ ကော်ဖီဆိုင်သို့ထွက်လာလိုက်တယ်။ ဆိုင်ရောက်တာနဲ့ အစ်ကိုဘယ်နားမာရှိလဲမေးကြည့်တော့ kitchen ထဲကိတ်မုန့်လုပ်နေတယ်ဆိုလို့ အနောက်ကနေ တိတ်တဆိတ်ဝင်လာခဲ့လိုက်သည်။ အလုပ်ရှုပ်နေပုံရသည့် ကိုကိုက အနောက်မှလနေသောသူကိုလည်း ဘယ်သူဆိုတာ ရိပ်မိမယ့်ပုံ မပေါ်ပေ... ခါးလေးကို အသာလှမ်းဖက်ပြီး ပခုံးပေါ် မေးတင်ကာ လည်တိုင်လေးကိုအသာအယာနမ်းရှိုက်ရင်း ဖက်ထားလိုက်လေတော့ မရုန်းပဲငြိမ်နေသူကြောင့်
" ကိုကို ဒီတစ်ခေါက်ဖက်တာကြ ဘာလို့မရုန်းတာလဲ "
" မရုန်းချင်လို့ မရုန်းဖယ်တာလေ..ဘာလဲ မဖက်ထားချင်လို့လား အဲ့ဒါဆိုရင်ဖယ်ပေးမယ်လေ ကိစ္စမရှိဘူးနော် ဖယ်...ဖယ် အလိုမရှိဘူး မင်းကို "
" အာ...မရဘူးနော် မရဘူး ဖက်ထားမှာ ကိုကို့ဆီကနေ ဒီလိုအခွင့်အရေးရတာက ရှားတယ် ရအောင်ယူထားရမှာ "
" မင်းက အခွင့်အရေးသမားလေးပဲနော် ပေးသမျှအခွင့်အရေး အကုန်ရအောင်ယူတယ် "
" ကိုကိုက ကျွန်တော့်ရဲ့ အေးချမ်းရာ အသက်ရှင်သန်ရာလေး အရင်က ကိုကိုမရှိခဲ့လည်း ရှင်သန်နိုင်ပေမယ့် အခုအချိန်မှာ ကိုကို့ကိုချစ်သွားမိလို့ ကိုကိုမရှိဘဲ အသက် မရှင်သန်နိုင်တော့တဲ့အထိပဲ "
ကိုကို့ကိုယ်လုံးလေးကို မိမိဘက် အသာလှည့်ကာ မျက်နှာခြင်းဆိုင်ဖြင့်ပြောဆိုရင်း ရင်ခွင်ထဲထည့်ဖက်ထားမိတယ်။
" မင်းကို အဖြေမပေးရသေးဘူးနော် သိပ်အသားမယူနဲ့ "
" ကိုကို မောင့်ကို ချစ်နေပါတယ်။ ချစ်နေကြောင်းသာ နှုတ်ကမဖွင့်ဟရုံလေးပါ ကိုကို့မျက်လုံးရဲ့ အကြည့်တွေနဲ့ မသိမသာဂရုစိုက်မှုလေးတွေက ကိုကို မောင့်ကို ချစ်နေကြောင်းပြသနေတာ မဟုတ်ဘူးလား မငြင်းနဲ့နော် ငြင်းရင် ခိုးပြေးပစ်မှာ "
" မင်းက ကိုယ့်ဘက်ကိုယ်ယက်တဲ့ လိပ်မျိုးပါလား ထွက်ပေါက်ရော ဝင်ပေါက်ရောပိတ်နေတာ ကိုယ်ဘယ်လိုရှောင်ရှားလို့ရပါတော့မလဲ မင်းကလူဆိုးလား "
" မောင်က လူဆိုးဆိုရင် ကိုကိုက လူဆိုးထိန်းလုပ်လေ မောင့်ကိုကိုယ်ဖိရင်ဖိထိန်းလေနော် "
YOU ARE READING
ရင်ခုန်သံထပ်တူ
Romanceအချစ်စစ်မှန်ခဲ့ပြိး ရင်ခုန်သံတွေထပ်တူကြခဲ့ရင်လည်း တစ်နေ့ နီးကိုနီးစပ်လာမှာ....
