'' ပြန်လာပါပြီ "
အလုပ်မှအပြန် ဝယ်ယူလာသောပစ္စည်းများကို သယ်ယူလာပြီး အိမ်ထဲသို့ဝင်လာကာ ပြန်လာကြောင်းပြောဆိုနှုတ်ဆက်လိုက်တော့
" ဟော.... သားကြီးတောင်ပြန်ရောက်လာပြီ ထမင်းစားတော့မလား သား မေမေပြင်လိုက်မယ် "
" Cafeဆိုင်ဝင်ရင်း သောက်ခဲ့လို့ မစားတော့ဘူး မေမေ "
" အင်း အဲ့ဒါဆိုရင်မပြင်တော့ဘူး ညဘက် အေးတယ်နော် ခြေလက်ဆေးပြီး နားလိုက်အုံး "
" ဟုတ် မေမေနဲ့ဖေဖေ Goodnight ပါ "
" ယေး.... ကိုကိုကြီး ပြန်လာပြီ "
" ကိုကိုကြီး ကိုကိုကြီး ငယ်ငယ်မှာလိုက်တာ ပါလာလားဟင်..."
မျက်ဝန်းကြည်တောက်တောက်လေးတွေနှင့် မျက်တောင်ပုတ်ခတ် ပုတ်ခတ်လှုပ်ခတ်ကာဖြင့် မေးလာသည်က အိမ်ရဲ့ဆည်းလည်း အမွှေစိန်ညီမငယ်လေး လမင်းငယ်လေးပင်ဖြစ်သည်။ အကိုကြီးဖြစ်သူမိမိအပေါ် ဂရုစိုက်ပေးသူလေးက တစ်အိမ်လုံးမှာသူတစ်ယောက်သာရှိလေသည်။
" ပါလာတာပေါ့ အငယ်လေးရဲ့ ကိုကိုကြီးကမေ့စရာလားကွာ ဒီမှာဝယ်လာတယ်..."
ဝယ်လာသော ပါဆယ်ဘူးများကို မြှောက်ပြလိုက်သည်။
" လာ ငယ်လေးနဲ့အတူတူစားပေးနော် "
" အွန်း "
မော့ကာမေးနေသူလေးရဲ့ ခေါင်းလေးကို ခပ်ဖွဖွပုတ်၍ လက်တစ်ဖက်ဖြင့်ပွေ့ချီကာ ထမင်းစားခန်းသို့ ဦးတည်ဝင်လာလိုက်သည်။ ထမင်းစားပွဲမှထိုင်ခုံကိုဆွဲထုတ်ကာ ထိုထိုင်ခုံပေါ်သို့ တင်ပေးလိုက်သည်။ ပါဆယ်ဘူးများကို ဖွင့်ဖောက်ပေးကာ ကိတ်မုန့်ကိုလှီးပေးလိုက်ပြီး ပန်းကန်ပြားထဲသို့ ထည့်ပေးလိုက်သည်။Hot Chocolate ကိုလည်း အနည်းငယ်အေးသွားအောင်မှုတ်ပေး၍ အနားတိုးပေးထားလိုက်သည်။
" ကိုကိုကြီး ငယ်လေးကိုချီ အိပ်ချင်နေပြီ "
" အင်း....လာ ကိုကိုကြီးစီကို.."
စားထားသောပန်းကန်တွေနဲ ့မုန့်တွေကို သိမ်းဆည်းလိုက်ပြီး ပေနေသောအရာများအား Tissue အစိုဖြင့်သေချာသုတ်၍ဆေးကြောပေးလိုက်သည်။ ငိုက်ဆင်းနေသော ကလေးငယ်အား ပွေ့ချီကာ အိမ်အပေါ်ထပ်မှအိပ်ခန်းထဲသို့ သွားသိပ်ထားလိုက်သည်။ ပြီးသည်နှင့် ရေချိုးခန်းထဲဝင်၍ ခြေလက်ဆေးကြောကာ ညအိပ်ဝတ်စုံဝတ်ပြီး ကုတင်ပေါ်တက်ကာအနားယူလိုက်ရင်း ညနေကအကြောင်းက ခေါင်းထဲဝင်လာခဲ့သည်။
YOU ARE READING
ရင်ခုန်သံထပ်တူ
Romanceအချစ်စစ်မှန်ခဲ့ပြိး ရင်ခုန်သံတွေထပ်တူကြခဲ့ရင်လည်း တစ်နေ့ နီးကိုနီးစပ်လာမှာ....
