" အမလေး bossရယ် ကျေးဇူးတင်လိုက်တာ လာပေးသေးလို့ ဒါနဲ့ bossရဲ့ကလေးလေးကိုရော ရှာလို့တွေ့ပြီလား "

" အင်း ကိုယ်ရှာတွေ့ခဲ့ပြီ "

" bossကို မှတ်မိရဲ့လား "

" ဟင့်အင်း သူကမမှတ်မိပေမယ့် ကိုယ့်ကိုပိုးပန်းနေတယ် "

" wow ငါbossတော့စွံတော့မယ် "

" အစည်းအဝေးတက်ရမယ်မလား သွားမယ် "

" ဒီနေ့လုပ်ရမှာတွေက တစ်ဖက်ကုမ္ပဏီက သူတို့အထည်တွေကို ကျွန်တော်တို့ Mallတွေမှာတင်ရောင်းချင်တာ အဲ့ဒီအတွက် စာချုပ်ပါအကြောင်းအရာတွေဆွေးနွေးပြီး စာချုပ်ချုပ်ကြမှာ ဟိုတစ်ခါ projectကိုရလိုက်တာ ကျွန်တော်တို့ ကုမ္ပဏီကဆိုတော့ အဲ့ဒါကြောင့် လာကပ်တာထင်တယ် "

" အင်း "

အခန်းထဲဝင်လာတော့ မြင်ဖူးသလိုလိုရှိနေသည့် မျက်နှာတစ်ခုအား တွေ့လိုက်ရသည်မို့ စိတ်ထဲနောက်တောက်တောက်ဖြစ်သွားရသည်။ ကောင်လေး မွေးစားမိဘတွေရဲ့သားရင်းဆိုသူက ကိုယ့်ချစ်ရသူကို နှိမ်ပြီးပြောဆိုထားသူ

" ဟာ အစ်ကို ကိစ္စရှိလို့ လာတာလား "

" အင်း "

" မောင်သီဟ သူဌေး Eric ရောက်လာပြီလား အန်ကယ်တို့စောင့်နေတာကြာပြီ "

" ရောက်နေပါပြီ ခင်ဗျ အန်ကယ်တို့နဲ့တောင် တွေ့နေပါပြီ "

" အဟက် မောင်သီဟကတော့ နောက်ပြီ ဒါက သားငယ်ပြောပြထားတဲ့ Cafeဆိုင်က သူဌေးဆိုတဲ့သူမလား "

" အဟင်း ကျွန်တော်ဘယ်သူဆိုတာရောသိနေတာလား "

" အစ်ကို ဒါကျွန်တော့် အဖေလေ ဦးစိုးမင်းထွန်းတဲ့ Moon Constructionရဲ့ ပိုင်ရှင်လေ ပြီးတော့ အစ်ကို့ကိုသဘောကျကြောင်းပါ ပြောပြထားတာ "

" သြော်...Moon Construction တဲ့လား "

" ဟုတ်တယ်လေ အစ်ကို ဘာဖြစ်လို့လဲ "

" လာရင်းကိစ္စလေး ဆက်ကြတာပေါ့ "

" ဟို သူဌေးမလာသေးလို့ အန်ကယ်တို့စောင့်နေတာ "

" အန်ကယ်တို့စောင့်နေတဲ့လူက ကျွန်တော်ပဲ ကျွန်တော့်ဘက်ကတော့ အမြတ်ရမယ်သေချာမှ အလုပ်တစ်ခုကို လက်ခံချင်ပါတယ်။ အကယ်၍ ခင်ဗျားတို့ဘက်ကတစ်ခုခုဖောက်ဖျက်ခဲ့မယ်ဆိုရင် စာချုပ်ပါအတိုင်း အရေးယူဆောင်ရွက်သွားပါမယ် "

ရင်ခုန်သံထပ်တူWhere stories live. Discover now