အပိုင်း(14) ပြိုင်ပွဲ

Start from the beginning
                                    

" အဲ့ကောင်ကတကယ် အယုတ်တမာကောင်ပဲ မင်း ဘာလို့ တစ်ယောက်ယောက်ကိုမပြောတာလဲ "

" ငါပြောလို့ရမဲ့သူတစ်ယောက်ယောက်ကို မင်းရှာတွေ့လို့လား ငါလည်း နောက်မှ ငါ့ရဲ့သတင်းက အထက်တန်းလွှာမိသားစုကြားမှာ အပျင်းပြေပြောစရာ အတင်းအဖျင်းဆိုတာကိုလေ ငါအရမ်းဝမ်းနည်းတာပဲ "

ကျန်းရှီးမင်သည် သူ့ရဲ့ပါးစပ်ကလေးကိုပြန်ပိတ်ထားလိုက်သည်။သူတောင် အခု အဲ့မိသားစုက ထွက်ပြေးလာတာမဟုတ်လား။မူလပိုင်ရှင် အတွက် တိုင်ပင်လို့ရမဲ့သူဆိုတာ ဘယ်လိုလုပ်ရှိမှာလဲ။

" ကပ်ပါးကောင် မင်း ကြောင်တစ်ကောင်မွေးပေးရအုန်းမယ်နော် "

" ငါသိပါတယ် အခုတော့ အဆင်မပြေသေးဘူး ဒီမှာကြည့်လေ ငါ့လက်ထဲမှာလည်း ငွေနည်းနေပြီ အဆောင်မှာလည်း ဆက်နေလို့ အဆင်မပြေတော့ဘူး မင်းလည်း ဒီလူတွေနဲ့ ဆက်မပတ်သက်ချင်ဘူး မှတ်လား "

" အရင်ကတော့ ပတ်သက်ချင်တယ် အခုတော့ ငါလည်း ပင်ပန်းနေပြီလို့ ခံစားရတယ် "

" မင်းသာ သူတို့နဲ့ ဆက်ပတ်သက်ချင်တယ်လို့ ပြောရင် ငါမင်းကိုရိုက်တော့မှာ "

" ငါအဲ့လောက်လည်း မဆိုးပါဘူးကွာ "

" အစကတော့လေ ငါမင်းကို အရမ်းဆိုးမယ်လို့ ထင်ထားတာ အခုတော့ အဲ့လိုမဟုတ်တာကို ဝမ်းသာတယ် "

မူလပိုင်ရှင်သည် လက်ပိုက်ထားရင်း ကျန်းရှီးမင်ကိုပြုံးသာကြည့်နေခဲ့သည်။

" မင်းပြန်ဝင်လိုက်တော့ ငါအိပ်တော့မယ် "

ကျန်းရှီးမင်သည် ပြောစရာစကားမရှိတော့တာကြောင့်ရေချိုးခန်းထဲမှ ထွက်သွားချင်ခဲ့သည်။သို့ပေမယ့်လည်း မူလပိုင်ရှင်ရဲ့ ဒွိဟစကားကြောင့် အနည်းငယ်ကြောင်အသွားမိသည်။

" မင်းဒီလို ဆက်ရှိနေတာကို ငါမြင်ရအုန်းမယ်လို့ မျော်လင့်ရတာပဲ "

ကျန်းရှီးမင် စကားအဓိပ္ပာယ်ကိုမမေးခင်မှာပင် မူလပိုင်ရှင်ပုံရိပ်က မှန်ထဲမှ ပျောက်ကွယ်သွားတော့သည်။ ကျန်းရှီးမင် ကြာကြာတောင်မစဥ်းစားလိုက်ရပါ သူ့အာရုံကိုနှောက်ယှတ်တဲ့သူဝင်လာသည်။

ငါလေးက ငါးဆားနူးလေးတစ်ကောင်ဖြစ်ချင်ရုံပါပဲ(China  novel)Where stories live. Discover now