" ဘာကြီးတာလဲ......ဟင် "
ရဲရင့် အသေးလေးရဲ့ အပေါ်အောက် အစုန်အဆန်ကြည့်၍ မေးလိုက်လေသည်။
" အသက်ဗျ အသက် ပြီးတော့လူကောင်လည်း ကြီးတယ် "
" သြော်......ကိုယ်က ဟိုဟာထင်မိတာ "
" ဘာကို ဘာကို ထင်တာလဲ ခင်ဗျားက "
" ကိုယ်ကလည်း အသေးလေးပြောတာကို ပြောနေတာပါ ဟီး စိတ်မဆိုးပါနဲ့ နော်... အသေးလေး "
" ခင်ဗျား! "
" ဒါနဲ့ အသေးလေးနာမည်ပြောပြပေးသွားပါလား ပြီးတော့ ကိုယ့်အတွက် အသေးလေးလက်နဲ့ ကော်ဖီတစ်ခွက်ဖျော်ပေးနော် "
" သိချင်စုံစမ်း အလကားတော့မရဘူး.....အဟင်း ကော်ဖီလာပို့ပေးမယ် ကြွ "
သြော်.....အတွဲမဟုတ်သေးတဲ့ အတွဲကြောင့် ခွေးစာအဝစားလိုက်ရသလိုပဲ... အဲ့ဒါက ဒင်းကြောင့်! စိတ်တိုလိုက်တာနော်
စိတ်ညစ်ညစ်နဲ့သာ နားနေခန်းထဲ ဝင်လာခဲ့မိတယ်။
*ဒေါက်.....ဒေါက်*
နားနေခန်း တံခါးခေါက်သံကြောင့် လှည့်ကာဖွင့်ကြည့်လိုက်တော့ အဖြူရောင် နှင်းဆီပွင့်တွေ အတော်များများပါတဲ့ ပန်းစည်းကြောင့် လန့်ကာ နောက်ကိုဆုတ်မိပြီး သေချာပြန်ကြည့်လိုက်မိတော့ စောင့်မျှော်နေရသူဖြစ်နေသည်။ ကိုယ့်ဘက်က သေချာရုပ်ပြန်တည်ပြီး စိတ်တိုတိုဖြင့် ဟောက်ထည့်ပေးလိုက်သည်။
" လူကို လန် ့ပြီးသေအောင် လုပ်နေတာလား မင်းက....ဘာဝင်လုပ်တာလဲ အခုထွက်စမ်း! "
" မောင် ကိုကို့ဆီ ပန်းစည်းမပို့ပေးမိလို့ စိတ်ကောက်နေတာလား ဒါမှမဟုတ် ကိုကို့ဆီကို မောင်ရောက်မလာလို့လား "
နားနေခန်းထဲသို ့ပန်းစည်းကိုင်လျက် ဝင်လာခဲ့ပြီး မိမိကိုအော်ကာ ဟိုဘက်လှည့်၍ စိတ်ကောက်နေပုံရသော အကို့နောက်ကျောဘက်ကနေ ခါးကိုလက်တစ်ဖက်ကနေဖက်ပြီး ကျန်လက်တစ်ဖက်ကနေ ပန်းစည်းကိုပေးကာ ဖွဖွဖက်ထား၍မေးလိုက်သည်။
" မဟုတ်...မဟုတ်ပါဘူး ငါ... ငါက မင်းကို ဘာလို့မျှော်ရမှာလဲ နောက်ပြီး မျှော်ရအောင်ကလည်း မင်းနဲ့ငါ ဘာမှမဆိုင်ဘူးလေ "
ESTÁS LEYENDO
ရင်ခုန်သံထပ်တူ
Romanceအချစ်စစ်မှန်ခဲ့ပြိး ရင်ခုန်သံတွေထပ်တူကြခဲ့ရင်လည်း တစ်နေ့ နီးကိုနီးစပ်လာမှာ....
Part-7[Unicode]
Comenzar desde el principio
