" 10 " / End of the Page

1K 131 27
                                    

- Song Recommendation -

Isak Danielson : Always


___________📖 Page No.24📖__________


အသိစိတ်ပြန်ဝင်လာချိန်၌ ယူဂျင်း ပထမဆုံးသတိပြုမိလိုက်သည်မှာ စိမ်းသက်နေသောပတ်ဝန်းကျင်ပင်ဖြစ်သည်။ ဖုန်အလိမ်းလိမ်းဖြင့်ညစ်ပေနေသော အခန်းအခြေအနေအရ အချိန်အတန်ကြာအောင်အသုံးပြုခြင်းမရှိခဲ့သော စတိုခန်းအဟောင်းတစ်ခုဖြစ်လောက်ပေမည်။ ထို့အပြင် သူ့ခြေလက်တို့မှာလည်းကြိုးချည်ခြင်းခံထားရကာလှုပ်ရှားဖို့ရန်ခက်ခဲလှပေသည်။


ဒါဆိုရင်တော့ သူထင်တာမှန်နေခဲ့တာပဲ...
ကုန်တိုက်သွားတဲ့လမ်းမှာသူ့ကိုဖမ်းခေါ်လာခဲ့တာက ကိုကို့အစ်ကိုဂင်ဗြောင်းဟိုဖြစ်နေတာပဲ...


ပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းရန်အတွေးဝင်လာသော်လည်း ယခုလက်ရှိ သူ့ပါးစပ်မှာမူ တစ်ခုခုဖြင့်ပိတ်ဆို့ခြင်းခံထားရတာကြောင့် အသံထွက်လို့လုံးဝမရပေ။

ဘာလို့ငါ့ကိုဖမ်းထားရတာလဲ
မဟုတ်မှ.. ငါနဲ့ကိုကို့အကြောင်းကိုသိသွားပြီး
ကိုကို့ကိုမျှားခေါ်ဖို့အတွက်လား?....

အတွေးဆုံးသည်နှင့် စိုးရိမ်ကြောက်လန့်စိတ်ကြောင့် သူ့တစ်ကိုယ်လုံးတဆတ်ဆတ်တုန်လာချိန်တွင် အပြင်ဘက်မှနေ၍ အော်ဟစ်လာသော ကိုကို့အသံကိုကြားလိုက်ရလေသည်။


"" ခွေးကောင် ဂင်ဗြောင်းဟို! သူရဲဘောကြောင်တဲ့ကောင်ထွက်လာခဲ့! ဟန်ယူဂျင်းကိုလက်ဖျားနဲ့ထိရဲထိကြည့် ငါမင်းကိုအသေသတ်ပစ်မှာ!!! ယူဂျင်း!! ဘယ်မှာလဲ!! ကိုကို့အသံကိုကြားရလား... မကြောက်နဲ့နော်ကလေးလေး ကိုကိုရှိတယ် ""

' ကိုကိုရှိတယ် ' ဆိုသော ထိုစကားတစ်ခွန်းနှင့်တင် ယူဂျင်းရင်ထဲမှကြောက်စိတ်တို့လျော့ပါးသွားရကာ ဒီနေရာမှထွက်ရဖို့အတွက် တစ်ခုခုလုပ်ရမည်ဆိုသောအသိခေါင်းထဲဝင်လာခဲ့တော့၏။

Page No.24 [ Completed ]Where stories live. Discover now