" 3 "

856 122 16
                                    

- Song Recommendation -

Taeil : Because of you

__________📖 Page No.24📖___________


မမ ..
ကျွန်တော်လည်းလွမ်းတာပေါ့.. ?

အစ်မဟုပြောရအောင်လည်း
သူ့သိထားသည့်အချက်အလက်အရဆို
ကိုကို့မှာအဖေတူအမေကွဲအစ်ကိုတစ်ယောက်နှင့်ညီတစ်ယောက်သာရှိတာဖြစ်သည်။

ဟန်ဖြောင်းလုပ်ငန်းစု၏ ဥက္ကဌဖြစ်သူ ကိုကို့အဖေမှာလည်း တစ်ဦးတည်းသောသားဖြစ်တာကြောင့် ဝမ်းကွဲဆွေမျိုးဆိုတာတွေလည်းရှိမည်မထင်ပါ။

ဒါဆို အခု ကိုကို့ဆီ ဖုန်းဆက်တာ ဘယ်သူများလဲ..ဘယ်သူမို့လို့ ကိုကို့အသံက ပုံမှန်ထက်ပိုပြီး နူးညံ့နေရတာလဲ... တကယ်ပဲ ဘယ်သူမို့လို့လဲ!!

ဖြစ်နိုင်ရင်သူအခုပဲ ကိုကို့နောက်လိုက်သွားပြီး ' ဘယ်သူနဲ့ဖုန်းပြောနေတာလဲ ' ဟုသာသွားမေးလိုက်ချင်သော်လည်း သူ့မှာအဲ့လိုမေးပိုင်ခွင့်ရှိမနေပါချေ။

ခေါင်းစဉ်ရေရေရာရာ
မတပ်နိုင်တဲ့ ဆက်ဆံရေးအောက်က..

ကိုကို့ထောက်ပံ့မှုနဲ့
ရှင်သန်လာတဲ့သူလိုအဆင့်က...

ဒီလိုကိစ္စမျိုးနဲ့ပတ်သက်ပြီး
ကိုကို့ကိုဘယ်လိုများတိုက်ရိုက်မေးနိုင်မှာတဲ့လဲ...

ခံပြင်းဖွယ် အမှန်တရားကို လက်ခံလိုက်ပြီးနောက်.. ရင်ခေါင်းတလျှောက် ဆို့နင့်တင်းကြပ်လာသည့်ခံစားချက်ကြောင့် မျက်ရည်တွေဝဲတက်လာလေတော့... သူ့မှာ အသံတိတ်ငိုကြွေးဖို့သာတတ်နိုင်လေသည်။

ထိုအချိန်တွင် ဖုန်းပြောပြီးအခန်းထဲပြန်ဝင်လာသည့်ကိုကိုနှင့် အကြည့်ချင်းဆုံသွားခဲ့တာကြောင့် မျက်ရည်တွေကို ကိုကိုမမြင်စေဖို့ ယူဂျင်းအလျင်အမြန်မျက်နှာလွှဲလိုက်ရသည်။

"" နိုးနေတာကြာပြီလား ""


"" ဟင့်အင်း ""

ငိုသံမပေါက်အောင်ထိန်းရင်းဖြေလိုက်ပါသော်လည်း ကိုကို့ကိုတော့လိမ်လို့ရဟန်မတူခဲ့ချေ။


Page No.24 [ Completed ]Where stories live. Discover now