" 4 "

956 113 23
                                    


- Song Recommendation -

A'st1 임한별 & T-max 신민철 : Something happened to my heart





___________📖Page No.24📖___________





ရင်နှင့်မဆံ့‌အောင်လှိုက်တက်လာသော ခံစားချက်တို့ကြောင့် ယူဂျင်း ထိုင်နေရာမှ ချက်ချင်းမတ်တပ်ထရပ်လိုက်မိသည်။

သူ အခု ဆိုင်အပြင်ထွက်ပြီးလေညှင်းသွားခံမှဖြစ်မည်။ အဲ့လိုမှမဟုတ်ရင် သူ ဒီနေရာမှာတင် အရှက်တကွဲအကျိုးနည်းဖြစ်‌အောင် ပေါက်ကွဲပစ်လိုက်မည်လား ... ခံရခက်လွန်းလှသည့် ပူလောင်မွန်းကြပ်မှုဒဏ်ကြောင့် အသက်ရှူရပ်သွားမည်လား... မပြောတတ်ပေ။


"" ဘာဖြစ်လို့လဲ ယူဂျင်း ""

သူ့မျက်နှာကိုအကဲခတ်သလိုကြည့်ရင်း ကိုကိုမေးလာခဲ့သည်။


"" ကျွန်တော်.... ရင်ထဲသိပ်မကောင်းလို့ လေညှင်းထွက်ခံလိုက်ဦးမယ် ""


ဖြစ်နိုင်ရင် သူ ကိုကို့ကိုပါ သူနှင့်အတူတူခေါ်သွားချင်ပါသည်။ သို့ပါသော်လည်း ထိုအတွေးဟာ သူ့ရဲ့စိတ်ကူးယဉ်အတွေးမျှသာဖြစ်ကြောင်း သူကောင်းကောင်းနားလည်ထားသည်။



"" ဒါဆိုလည်း သွားလေ ဒီရှေ့နားမှာပဲနေနော် အဝေးကြီးလျှောက်သွားမနေနဲ့ဦး ""


ထင်ထားပြီးသား ခွင့်ပြုချက်မျိုးပင်ဖြစ်တာကြောင့် ယူဂျင်း အားတင်းပြုံးရင်း ကိုကို့ကို နှုတ်ဆက်ခဲ့လိုက်သည်။


"" အင်း အဲ့ဒါဆိုကျွန်တော်သွားပြီနော် ""

ထိုအခိုက် ... ရှေ့တွင်ရှိနေသည့် အမျိုးသမီးထံ ဖြတ်ခနဲ အကြည့်ရောက်သွားခိုက် ... တော်ရုံလူမယှဉ်နိုင်လောက်သည့်အလှမျိုးနှင့် ဝင့်ကြွားနေပါသော ထိုအမျိုးသမီး၏ ပြုံးနေသည့်မျက်နှာမှာ သူ့အား အဆုံးမဲ့ချောက်နက်ကြီးထဲတွန်းချပစ်လိုက်သလိုပါပင်။

လှရက်လိုက်တာ....

ကိုကို့ကိုသူ့ဘဝထဲကနေ
အပြီးအပိုင်‌ခေါ်‌ထုတ်သွားနိုင်လောက်တဲ့အထိ ရက်ရက်စက်စက်လှရက်လွန်းလိုက်တာ။


Page No.24 [ Completed ]Where stories live. Discover now