" 1 "

2.2K 148 19
                                    


- Song Recommendation -

Heize : You're cold



___________📖Page No.24📖___________

noti ကင်းမဲ့လျက် ပြောင်ရှင်းလို့နေသည့် phone screen ကို ယူဂျင်းထိုင်ကြည့်နေမိသည်မှာ ၂နာရီနီးပါးပင်ရှိတော့မည်။

- ကိုကိုအခုလာနေပြီလားဟင် ကျွန်တော်စောင့်နေတယ်နော် -

seenပြခြင်းမခံရသည့် message လေးကိုတော့ သူ့ဘက်ကပို့ထားခဲ့သည်မှာ ညနေ ၆နာရီကတည်းကပင်။

နာရီကိုလှမ်းကြည့်လိုက်တော့ ည ၁၀နာရီ။

ပြတင်းပေါက်ဖွင့်ထားသည့်အတွက် အပြင်ဘက်ဆီမှ ဖြတ်တိုက်လာသည့်အေးစိမ့်စိမ့်လေထုနှင့်အတူလွင့်စင်လာသောမိုးဖွားအနည်းငယ်၏ထိခတ်မှုကြောင့် သူ့တစ်ကိုယ်လုံးချမ်းစိမ့်လာသလိုခံစားလိုက်ရသည်။

ဝေဝေဝါးဝါးသာကြားနေရသည့် မိုးစက်မိုးပေါက်တို့၏တဖျောက်ဖျောက်အသံမှာ ဒီနေ့ကျမှပိုကျယ်နေသယောင်။

"" မိုးရွာတဲ့နေ့တွေဆိုတစ်ယောက်တည်းနေရတာတကယ်မုန်းတာကို ""

ခပ်ပါးပါးလက်ရှည်လေးသာဝတ်ထားသည်မို့ အအေးဓာတ်ကိုသက်သက်သာစေရန် ဒူးနှစ်ဖက်ကိုအသာပိုက်လျက် ထိုအပေါ်တွင်မေးတင်ကာ ခပ်တိုးတိုးရေရွတ်မိတော့ ... ရင်ထဲမှာကိန်းအောင်းလို့နေသည့် ခံစားချက်မှန်သမျှဟာလည်း လည်ချောင်းဝအထိ လှိုက်တက်လာခဲ့ပါ၏။

သို့ပါသော်လည်း ချက်ချင်းဆိုသလို ခေါင်းကိုခါရမ်းပစ်လိုက်ပါရင်း... စိတ်ဖျောက်သည့်အနေဖြင့် ကိုယ့်ကိုယ်ကိုယ်သာသတိပေးလိုက်တော့သည်။

ကိုကိုလာမှာပါ
အလုပ်များနေလို့နောက်ကျနေရုံလေးပဲ
ငါကနားလည်ပေးရမှာပေါ့

ထိုကဲ့သို့ သူ့ရင်ထဲကအသံတွေကို လျစ်လျူရှုလိုက်သည့်နောက်... တဖျောက်ဖျောက်ကျလျက်ရှိသည့်မိုးစက်မိုးပေါက်တို့နှင့် တရွေ့ရွေ့‌ ရွေ့လျားလို့နေသည့် နာရီလက်တံတို့၏ အသံမှလွဲ၍ တခြားဘာအသံကိုမှ မကြားရတော့ပေ။

Page No.24 [ Completed ]Where stories live. Discover now