" 9 "

1.2K 126 46
                                    


- Song Recommendation -

Rihanna : Love the way you lie ( Piano Version )


__________📖 Page No.24📖___________


ဆေးရုံကိုရောက်သွားချိန်တွင်တော့ သူ့ထက်အရင်ရောက်နှင့်နေသော အတွင်းရေးမှူးဂျင်နှင့်အရင်မျက်နှာချင်းဆိုင်တွေ့လိုက်ရပါသည်။

"" ရောက်လာပြီလား ဟန်ယူဂျင်းရှီ ""

တည်ငြိမ်စွာဖြင့်နှုတ်ဆက်လာခဲ့သော အတွင်းရေးမှူးဂျင်၏မျက်နှာအမူအရာမှာပျက်ယွင်းလို့‌နေတာကြောင့် ယူဂျင်းရင်ထဲစိုးထိတ်လာရသည်။ တစ်ချိန်တည်းမှာပဲ အတွင်းရေးမှူးဂျင်က ကိုကို့အတွက်အစ်ကိုတစ်ယောက်လိုယုံကြည်အားကိုးရတဲ့သူဆိုပြီး ကိုကိုပြောပြခဲ့ဖူးသည်ကို ပြန်ကြားယောင်လာသည်။ ဆက်စပ်ကြည့်လိုက်ပါလျှင် နှစ်ယောက်ကြားကဆက်ဆံရေးမှာ အလုပ်ရှင်၊အလုပ်သမားဆက်ဆံရေးထက်ပို၍နက်နဲလောက်ပေမည်။ ဒါကြောင့်မလို့လည်း အတွင်းရေးမှူးဂျင်၏မျက်နှာမှာ အခုလောက်ထိသိသိသာသာပျက်ယွင်းနေတာဖြစ်လောက်သည်။ ' ကိုကို့အခြေအနေကဘယ်လောက်ထိတောင်မှဆိုးရွားနေလို့လဲ 'ဟုတွေးမိရင်း သူ့ရင်ထဲဗလောင်ဆူနေရပေမဲ့... တဆက်တည်းမှာပဲ ' ကိုကို့အနားမှာဒီလိုယုံကြည်စိတ်ချရတဲ့သူ တစ်ယောက်လောက်တော့ရှိသေးပါလား ' ဟုတွေးမိရင်း သူဆက်ရှိ၊မရှိမသေချာတော့သည့် ကိုကို့အနာဂတ်အတွက်စိတ်ချသွားမိသည်။

"" ကိုကို့အခြေအနေဘယ်လိုရှိလဲဟင် ""

"" ကျွန်တော်ဒီကိုရောက်လာတော့ ဂယူဗင်းကသွေးတွေအများကြီးထွက်နေလို့ အမြန်ဆုံးခွဲစိတ်ရမယ်လို့ပြောတာနဲ့ လက်မှတ်မြန်မြန်ထိုးပေးလိုက်ရတယ် ပြီးတော့အခုလေးတင်ပဲ လိုအပ်တဲ့သွေးပမာဏကိုအမြန်ဆုံးရှာလို့ရနိုင်ခဲ့လို့တော်သေးတယ်ပြောရမယ် ဒါပေမဲ့ အခြေအနေကတော့တော်တော်လေးပြောရခက်တယ် ခွဲစိတ်တာပြီးတဲ့အထိစောင့်ကြည့်ကြတာပေါ့ ""

အားရစရာမရှိလှသည့် အတွင်းရေးမှူးဂျင်ပြောပြလာသော ကိုကို့အခြေအနေကြောင့် ယူဂျင်း ရုတ်တရက် အားမရှိတော့သလိုဖြစ်သွားရကာ နေရာမှာတင်ထိုင်ချလိုက်မိသည်။

Page No.24 [ Completed ]Where stories live. Discover now