" 6 "

935 121 13
                                    

- Song Recommendation -

Raymond : Thonk Pan




__________📖 Page No.24 📖 __________







ဝေဝါးနေသောအမြင်အာရုံမှာ တဖြည်းဖြည်းကြည်လင်စပြုလာသည်။ မူလက ဝိုးတဝါးကြားနေရသော စကားသံတို့မှာလည်း ပြတ်သားလို့လာလေသည်။




"" ဟုတ်တယ် ဟျောင်း ၂ရက်.. အင်း ၂ရက်လောက်ပေါ့.. ကျွန်တော်မလာတော့ဘူး ကုမ္ပဏီကိစ္စတွေကို လောလောဆယ်ဟျောင်းကိုပဲအပ်ပါတယ် အရေးကြီးကိစ္စဆိုရင်တော့ ကျွန်တော့်ကိုအကြောင်းကြားပေါ့ ""




အတွင်းရေးမှူးဂျင်နှင့်ဖုန်းပြောနေပုံရသော ကိုကို့အား ယူဂျင်း အိပ်ရာပေါ်မှလှမ်းငေးလိုက်မိသည်။



သို့သော်... မကြာပါ။



သူ့အားကျောခိုင်းလျက်ဖြင့်ဖုန်းပြောနေသော ကိုကို့ကျောပြင်ကိုငေးနေခြင်းက သူ့ရင်ကိုတဆစ်ဆစ်နာကျင်လာစေသည်မို့ ချက်ချင်းမျက်နှာပြန်လွှဲလိုက်ရပါသည်။



ဘယ်လောက်တောင်မှ ကျောခိုင်းခံခဲ့ရတာတွေများခဲ့လို့ အခုလိုမျိုး ကျောပြင်လေးကိုမြင်လိုက်ရရုံနှင့်တင် ဒီလောက်ထိနာကျင်နေရတာပါလိမ့်....



သူ့နှလုံးသားကများ ကိုကို့ရက်စက်မှုတွေကို ဆက်တောင့်ခံထားဖို့အတွက် မစွမ်းသာတော့ကြောင်း အချက်ပြနေလေသလား။



သေချာတာတစ်ခုကတော့ ဒီဆက်ဆံရေးမှာ
သူ တော်တော်လေးကို ပင်ပန်းနေခဲ့ပါပြီ။



"" နိုးပြီလား ယူဂျင်းနီး ""



အနားသို့လျှောက်လာကာ ရင်ဘတ်ပေါ်မှသူ့လက်ကလေးအား ကိုကိုဆုပ်ကိုင်လာလေသည်။ လှည့်ကြည့်လိုက်မိသည့်အခါ... မြင်ကွင်းထဲဝင်ရောက်လို့လာသည့် ကိုကို့လက်ကောက်ဝတ်ရှိ Rolexနာရီလေးကြောင့် သူ့မျက်ခုံးလေးနှစ်ဖက်မှာပင့်တက်သွားရ၏။



ဒါက... သူ ကိုကို့ကိုမွေးနေ့လက်ဆောင်ပေးဖို့ဝယ်ထားတဲ့နာရီလေးမဟုတ်ဘူးလား... သူမပေးရသေးခင် ကိုကိုအရင်ရှာတွေ့သွားလို့ ယူဝတ်ထားတာလား....



Page No.24 [ Completed ]Where stories live. Discover now