" 7 "

988 126 32
                                    

"" KGVကဘာလဲ ""

ကိုကိုဝယ်ပေးထားသည့် ဖုန်းအသစ်၌ သူမှတ်‌ထားသော ကိုကို့ contact name ကိုကြည့်ကာ ကိုကိုမေးခွန်းထုတ်လာခြင်း။ အချင်းချင်းထိလုမတတ်တွန့်ချိုးထားသော မျက်ခုံးနှစ်ဖက်နှင့် တင်းတင်းစေ့ထားသောနှုတ်ခမ်းလွှာတို့မှာ ဒီစာလုံးသုံးလုံးအတွက် စိတ်ကျေနပ်မှုမရှိကြောင်း သိသိသာသာ ပြဆိုနေလေသည်။

"" ကိုကို့နာမည်လေ
ကိုယ့်နာမည်တောင်ကိုယ်မသိတော့ဘူးလား ""

သူ့ဘက်မှပြုံးစစနှင့်မေးခွန်းပြန်ထုတ်လိုက်တော့ ကိုကိုသူ့ကိုလှည့်ကြည့်လာသည်။ သို့သော် ခဏနှင့်အကြည့်လွှဲသွားကာ necktie ကိုဆွဲဖြည်ရင်း အမိန့်ဆန်ဆန်ဆိုလေသည်။


"" မကြိုက်ဘူး
အရင်လိုကိုကိုလို့ပဲပြောင်းမှတ်လိုက် ""


"" မမှတ်ချင်ပါဘူး ""


တမင်ရွတ်ကာ ခပ်တိုးတိုးပြောလိုက်သည့်သူ့စကားအဆုံး ကိုကို့ဒေါသသံဟာ ဟိန်းခနဲ။


"" ယူဂျင်းမင်းကိုကို့ကိုစိတ်တိုအောင်လုပ်နေတာလား! ""



"" ဖုန်းထဲမှာမှတ်ထားတဲ့နာမည်လေးပဲလေကိုကိုရဲ့ .. ဘာလို့ဒီလောက်ထိဒေါသတွေထွက်နေရတာလဲ မသိရင်ကိုကိုကျတော့ကျွန်တော့်ကိုHYJလို့ပဲမှတ်မထားတာကျနေတာပဲ ""



ရွဲ့ပြောလိုက်သောသူ့စကားကြောင့် တဖြည်းဖြည်းမည်းမှောင်လာသော ကိုကို့မျက်နှာကို ယူဂျင်းပြုံးပြုံးလေးနှင့်ငေးနေလိုက်သည်။ အခုသူ့ပုံစံက အပြင်ပန်းမှာတော့ တည်ငြိမ်နေပုံပေါက်ပေမဲ့ စိတ်ထဲမှာတော့ တော်တော်လေးကိုယောက်ယက်ခတ်နေရပါသည်။

ဘာကြောင့်ဆို.. ဟုန်းဂျီအာကိုတော့ ' မမဂျီအာ♡ 'လို့မှတ်ထားတာကို သူမြင်ဖူးထားသည်လေ။ တကယ်ဆို ဒီကိစ္စက စကားထဲထည့်ပြောစရာတောင်မလိုအပ်လောက်တဲ့ အသေးအမွှားကိစ္စလေးဆိုပေမဲ့ သူ့အတွက်ကတော့ နည်းနည်းလေးတောင်အဆင်ပြေမနေပါချေ။


"" ထားလိုက်တော့
ဘယ်လိုပဲဖြစ်ဖြစ်အရေးကြီးတာမှမဟုတ်တာ မင်းကြိုက်သလိုသာမှတ် ""


Page No.24 [ Completed ]Where stories live. Discover now