" 8 "

1.1K 114 42
                                    


- Song Recommendation -

Taylor Swift : You're losing me

__________📖 Page No.24📖___________

တဖြည်းဖြည်းနှင့်ဖြူဖပ်ဖြူရော်ဖြစ်လာသည့် သူ့အား စိတ်မချဘူးဟုဆိုကာ မန်နေဂျာဟျောင်းကအိမ်ပြန်လိုက်ပို့ပေးရန်ပြင်လေသည်။ အစကတော့ သူ့ဘက်ကငြင်းမလို့ပေမဲ့ ယခုလက်ရှိသူ့စိတ်အခြေအနေအရဆို အိမ်ကိုတန်းတန်းမတ်မတ်ပြန်ဖို့ထက် ခြေဦးတည့်ရာကိုသာလျှောက်သွားနေမိမှာ‌ပင်။ ထို့ကြောင့် ယူဂျင်း အန္တရာယ်ကင်းကင်း
နှင့်အိမ်ပြန်ရောက်ဖို့အရေးကိုရှေးရှုလို့ မန်နေဂျာဟျောင်း၏အကူအညီကိုလက်ခံလိုက်တော့သည်။

"" ကျေးဇူးပါပဲ ဟျောင်း ""

"" ရပါတယ် မလိုပါဘူး ဒီနေ့နားရက်ဆိုတော့ကောင်းကောင်းအနားယူလိုက်ဦး ""

"" ဟုတ် ဟျောင်းလည်း ဂရုစိုက်ပြီးပြန်ဦး ""

မန်နေဂျာဟျောင်းကိုနှုတ်ဆက်ပြီးသည်နှင့်ယူဂျင်းလေးလံသောခြေလှမ်းများဖြင့်ကွန်ဒိုထဲဝင်လာခဲ့လိုက်သည်။ အိမ်‌ထဲရောက်လာချိန်မှာတော့ အချိန်ကိုက်ဆိုသလို ကိုကို့ဆီမှဖုန်းဝင်လာခဲ့ပါ၏။ သို့ပေမဲ့ ယူဂျင်း ဖုန်း screenကိုသာတွေတွေကြီးစိုက်ကြည့်နေမိပြီး ဖုန်းမကိုင်ဖြစ်ပေ။

ပထမတစ်ကြိမ်ဖုန်းကျသွားပြီးနောက်..
ဒုတိယအကြိမ်..တတိယအကြိမ်..စတုတ္ထအကြိမ်စသဖြင့် အခေါက်ခေါက်အခါခါ ကိုကိုဆက်ခေါ်နေခဲ့သည်။ သို့ပေမဲ့ယူဂျင်း ကိုင်ဖို့စိတ်ကူးမရှိ။ ' ကိုကို ' ဆိုသည့် contact nameကို ဒီအတိုင်းလေးမြင်နေရရုံနှင့်တောင် သူ့မှာဒီလောက်ထိမွန်းကြပ်နေရပါလျှင် ... ဖုန်းကိုင်လိုက်လို့ ကိုကို့အသံကိုပါကြားလိုက်ရမည်ဆိုလျှင်တော့ဖြင့်... ယခုလက်ရှိစိတ်အခြေအနေအရဆို သူရူးသွားလောက်ပေမည်။

ထို့ကြောင့် ယူဂျင်း အဆက်မပြတ်မြည်နေသောဖုန်းအား ဧည့်ခန်းထဲတွင်ထားခဲ့လိုက်ကာ သီးသန့်ကန့်ထား‌သည့်အခန်းလေးထဲသို့ ဝင်လာခဲ့လိုက်ပါ၏။

Page No.24 [ Completed ]Where stories live. Discover now