" 2 "

1K 119 18
                                    

- Song Recommendation -

Wendy & Seulgi : Don't push me

__________📖 Page No.24📖___________

နာမည်ကြီး ဟိုတယ်တစ်ခု၏ အရောင်းရဆုံး restaurant တစ်ခုတွင် waiterတစ်ယောက်အနေဖြင့် service ပေးရသည့်အလုပ်မှာ ပင်ပန်းလှသော်လည်း Hotel life ကို သဘောကျသည့် ယူဂျင်းအတွက်တော့ အလုပ်လုပ်ရတာ စိတ်ဝင်စားဖို့ကောင်းသလိုပျော်ဖို့လည်းကောင်းခဲ့ပါသည်။

အဲ့ဒီနေ့ မတိုင်ခင်အထိပေါ့။

_______________________________📖

"" ဟန်ယူဂျင်း မင်းဘာလို့ငါ့ဆီစာတောင်မပို့တော့တာလဲ ""

ဖုန်းကို နားအနားကပ်လိုက်သည်နှင့် ကြားလိုက်ရသည့်ကိုကို့အော်ငေါက်သံကြောင့် ယူဂျင်း အသက်ရှူမဝတော့သလိုခံစားလိုက်ရကာ busပြတင်းပေါက်ကိုလှမ်းဖွင့်လိုက်မိသည်။

"" ငါမေးနေတာဖြေလေ ""

"" ဒီနေ့တစ်နေကုန်ဧည့်သည်တွေ‌ပြည့်နေတာနဲ့ဖုန်းမကိုင်ဖြစ်လိုက်လို့ပါ ""

အမှန်တရားတစ်ဝက် ၊ လိမ်ညာမှုတစ်ဝက်ဖြင့် အတတ်နိုင်ဆုံး နားထောင်လို့ကောင်းအောင်ဖြေလိုက်ရတာဖြစ်သည်။

တကယ်တော့ ကိုကို့ဘက်က ' အာရုံနောက်တယ် ' လို့ပြောလိုက်တဲ့အချိန်ကစပြီး သူ ကိုကို့ဆီကို ဖုန်းဆက်ဖို့မဆိုထားနှင့်၊ messageပို့ဖို့ကိုတောင် မဝံ့ရဲတော့တာပင်။

သူလိုလူက
ကိုကိုငြိုငြင်အောင်
ဘယ်လိုလုပ် လုပ်ရဲမှာတဲ့လဲ...

ကိုကိုငြိုငြင်တာခံရမှာကို
သေရမှာထက်ကြောက်တဲ့သူလိုလူ‌ကလေ။

"" ဒါဆိုမင်းကရှေ့လျှောက် မင်းရဲ့အဲ့သောက်လုပ်ကိုပဲဂရုစိုက်နေတော့မှာလား ""

ကိုကိုမို့လို့မေးရက်သည်။ တကယ်ဆို သူဂရုအစိုက်ဆုံးက ကိုကိုပဲဆိုတာကို ကာယကံရှင်ဖြစ်တဲ့ ကိုကိုကတော့ သိကိုသိသင့်သည်။

"" ကျွန်တော်မှားသွားပါတယ် ""

"" နောက်ဆုံးတော့လည်းဒီစကားပဲ
အမြဲတမ်းပဲမှားနေတော့မှာလားမင်း? ""

Page No.24 [ Completed ]Where stories live. Discover now