" 5 "

985 133 20
                                    


- Song Recommendation -

Jung Seung Hwan : If it's you





__________📖 Page No.24 📖 __________





ရှုပ်ထွေးပွေလီလှသော လူအုပ်ကြီးကို ကြည့်ကာ ယူဂျင်း ခေါင်းကုတ်လိုက်မိသည်။


သူအခုဘယ်ကိုရောက်နေတာပါလိမ့်?


ပတ်ဝန်းကျင်အခြေအနေမှာစိမ်းသက်လို့နေကာ တစ်ယောက်နှင့်တစ်ယောက်တိုးဝှေ့သွားလာနေကြသောလူအုပ်ကြီးမှာလည်း သူတစ်ခါမှမမြင်ဖူးသည့် သူစိမ်းများသာ‌ဖြစ်လေသည်။ တချို့ဆို သူ့ကိုတောင်ဝင်တိုက်သွားကြသေးတာကြောင့် ယူဂျင်းစိတ်ထဲဒီလူအုပ်ကြီးကိုတဖြည်းဖြည်းတောင်လန့်လာသလို။

ဒီနေရာမှထွက်ပြေးသွားဖို့ဆိုရင်လည်း ဒီလူအုပ်ကြီးကိုကျော်ဖြတ်ရဦးမှာဖြစ်လို့ သူ့မှာ အခက်တွေ့ရသည်။ သို့ပေမဲ့လည်း သူ ဒီနေရာကနေ အမြန်ဆုံးထွက်သွားချင်ပါသည်။

အတွေးနှင့်အတူ ယူဂျင်းစိတ်တင်းလိုက်ပါရင်း.. လူအုပ်ကြီးကြားမှတိုးထွက်ဖို့အလုပ်.... မျက်စိရှေ့၌ ဖြတ်ခနဲမြင်လိုက်ရပါသော ရင်းနှီးနေသည့်အရိပ်ကလေးကြောင့် ရှေ့တည့်တည့်သို့ လှမ်းကြည့်လိုက်မိစဉ်....

ခပ်လှမ်းလှမ်းမှနေ၍ သူတစ်သက်လုံးငေးကြည့်သွားချင်သော အပြုံးလေးအားမျက်နှာထက်ဆင်မြန်းလျက် သူ့အားပြုံးပြလို့နေသည့်ကိုကို့ကိုမြင်လိုက်ရခိုက်....ကြောက်စိတ်တို့ဖုံးလွှမ်းကာမှောင်မိုက်စပြုတော့မည့်သူ့ကမ္ဘာငယ်မှာရုတ်တရက်ဆိုသလို ရောင်ခြည်တန်းတချို့ဖြာကျလာသကဲ့သို့ လင်းထိန်သွားခဲ့ရပါ၏။


အမြဲတမ်း ဒီလိုပဲဖြစ်ခဲ့ပါရဲ့။

သူလို ခိုကိုးရာမဲ့တစ်ကောင်ကြွက်လေးထံ နွေးထွေးစွာဖြင့်လက်ကမ်းပေးခဲ့သည့် ကိုကိုဟာ... သူ့ဘဝအတွက်တော့ မရှိမဖြစ်လိုအပ်တဲ့နေရောင်ခြည်လိုအသက်ဓာတ်လေးသာဖြစ်လေသည်။

နွေးထွေးသွားသောခံစားချက်နှင့်အတူ
ယူဂျင်း ကိုကို့ကိုပြန်ပြုံးပြလိုက်ပါရင်း....


Page No.24 [ Completed ]Where stories live. Discover now