"ကိုကိုကြီး လွှတ်! လွှတ်လို့ ယားတယ် ယားတယ်လို့..... ဟီး.....ဟီး.....ဟီး....အား....."
.
.
အနောက်မှာရပ်ကြည့်နေသောကြီးမေသည် ကလေးကြီးနဲ့ကလေးငယ်နှစ်ယောက်ကိုရပ်ကြည့်ကာ သူပါလိုက်ရယ်မောမိတယ်။

ငယ်လေးကိုမုန့်ကျွေးပြီးသည်နှင့် အိမ်အောက်ထပ်တွင် ကစားနေစေလိုက်တယ်။

အခန်းထဲရှိ ကုတင်ပေါ် ပတ်လက်အိပ်ကာ အနားယူနေရင်း ဖုန်းကိုထုတ်ယူကြည့်မိတော့ အစ်ကိုသေးသေးလေးရဲ့ပုံရိပ်လေး....Wallpaper တင်ထားသောပုံလေးအား တစ်စိမ့်စိမ့်ကြည့်နေမိသည်။ဘုရားရင်ပြင်ပေါ်ဘုရားရှိခိုးနေသော ပုံရိပ်လေးအား အမိအရ ပုံရိုက်ယူထားမိပြီး Wallpaper တင်ထားလိုက်သည်။ ညဘက် အိပ်ချိန်တိုင်းတွင် ဒီပုံရိပ်လေးအား ကြည့်ပြီးအိပ်လျင်တော့ အိပ်ပျော်တော့မည်မှာ ဧကန်မလွဲပင်....

မြင်တွေ့ရတာ မကြာသေးပေမယ့် ကျွန်တော့်နှလုံးသားမှာတော့ အချစ်ဆိုတဲ့ ရောဂါလေးက အစပြုနေပြီထင်တယ်။ ပထမတစ်ခါ တိုက်ဆိုင်စွာ တွေ့မိရင် မတော်တဆ၊ ဒုတိယတစ်ခါ ထပ်တွေ့မိရင် ကံကြမ္မာ၊ တတိယတစ်ခါထပ်တွေ့မိရင်တော့ ကျိန်းသေပြီ ဖူးစာတဲ့ အကယ်၍သုံးကြိမ်မြောက်သာ အစ်ကိုနှင့် ထပ်တွေ့ဆုံခဲ့ရင်တော့ အကို့အား ကျွန်တော့်နှလုံးသားရဲ့ပိုင်ရှင်အဖြစ်သိမ်းယူပြီး နှလုံးသားရဲ့မူပိုင်ရှင်လုပ်ခိုင်းတော့မည်ဟု ကျိန်းဝါးထားလိုက်တယ်။ဒီညတော့ အစ်ကို့ပုံရိပ်လေးအားကြည့်ရင်း အိပ်ပျော်အောင်ကြိုးစားအိပ်လိုက်တော့သည်။
..........................

ဘုရားမှပြန်လာသော ကောင်းခန့်သူတစ်ယောက် အိပ်ပြန်ရောက်သည်နှင့် ရေမိုးချိုးကာ နေ့လည်စာချပြုတ်စားသောက်ပြီး အိပ်ရာပေါ်တက်ကာ အနားယူနေလိုက်တော့သည်။
" ဟင့် အင့်.. အူးဝါး "

" ကိုကို သားကို ပြန်လာခေါ်မယ်ဆို လာလည်းမလာဘူး ကိုကိုက ကတိမတည်ဘူး သားကိုပစ်ထားတယ်.......ကိုကို့ကိုမုန်းတယ် ကိုကို့ကို မချစ်ဘူး..... "

" မဟုတ်ဘူး ကလေးလေး ကိုကိုလာမခေါ်တာမဟုတ်ရပါဘူး ပစ်ထားရတာမဟုတ်ပါဘူး ကလေးရယ် ကိုကိုမင်းကိုလာခေါ်ချင်ပေမယ့် ကလေးဆီမှာက မိဘတွေရှိနေပြီလေ....ကိုကို့ကို မမုန်းလိုက်ပါနဲ့နော် နော် ကလေးလေး"

ကလေးလေးသည် သူ့ကိုလာမခေါ်ဘူးဆိုပြီး ကျွန်တော့်အားရိုက်ပုတ်ကာ ငိုနေသည်။ကျွန်တော်လည်း မဟုတ်ကြောင်း မမုန်းလိုက်ပါနဲ့ဆိုတဲ့စကားကိုသာ တစ်သွင်သွင်ဆိုနေမိသည်။

" မုန်းတယ် မုန်းတယ် ကိုကို့ကိုမချစ်တော့ဘူး "

" ကလေးလေး.....ကလေးလေး!.....ကလေးလေး!! "

" ကလေး!.... "
ကလေးဟုအော်ခေါ်ရင်း ည၇နာရီလောက်ကြီး လန့်နိုးလာခဲ့တယ်။ အဲ့ဒီတော့မှသာ အိပ်မက် မက်နေကြောင်းသိလိုက်ရသည်။ ကလေးသာ ကျွန်တော့်ကို အိပ်မက်ထဲကလို မုန်းသွားခဲ့ပါလျင် နေနိုင်ပါမည်လား မဟုတ်ဘူး ရူးသွားမည်ပင်။ ကျွန်တော်ပြုစုခဲ့ရသောကလေးငယ်လေးဖြစ်သည်မို့ ထိုကလေးငယ်သာ မုန်းသွားခဲ့ပါလျင် ကျွန်တော်....ကျွန်တော်....ဆက်မတွေးချင်တော့သည်မို့ အိပ်ရာမှထကာ ရေပူရေအေးစပ်ပြီး ရေချိုးလိုက်သည်။

ညအိပ်ဝတ်ကာ အောက်ထပ်သို့ဆင်းလာခဲ့လိုက်ပြီး ဗိုက်ဖြည့်ဖို့အတွက် ခေါက်ဆွဲပြုတ်ရန်စီစဉ်လိုက်သည်။  ကျက်သွားသောခေါက်ဆွဲပြုတ်ကို ပန်းကန်ထဲထည့်ကာ ဧည့်ခန်းမှ စားပွဲပေါ်တင်ထားကာအအေးခံထားလိုက်ပြီး Christmas နေ့ဖြတ်သန်းရန် Home Along Movieကို Netflixမှာရိုက်ရှာပြီးကြည့်နေရင်း ခေါက်ဆွဲပြုတ်စားနေလိုက်သည်။ ဒီလိုဖြတ်သန်းနေသည်က အသက် ၁၂နှစ်မှာကလေးငယ်နဲ့ဝေးပြီးကတည်းက ဖြစ်သည်။ Movieပြီးခါနီး အိပ်ချင်လာသည်မို့ TVပိတ်ကာ အိပ်ပေါ်တက်ပြီး အိပ်ခန်းထဲဝင်ကာ အနားယူအိပ်စက်လိုက်သည်။

ရင်ခုန်သံထပ်တူWhere stories live. Discover now