အိမ်သို့မရောက်ခင် ကိတ်ဆိုင်သို့သွားကာ ကိတ်တစ်လုံးထပ်ဝယ်လိုက်ပြီးသည်နှင့် အိမ်ကိုတန်းမောင်းလာခဲ့သည်။
" ကြီးမေရေ...ကြီးမေ... ကိုကိုကြီးပြန်လာပြီ"
ခြံလေးထဲ ကားမောင်းဝင်လာသည်နှင့် လမင်းငယ်လေးသည် အိမ်ထဲမှ ကြီးမေအား အသံကုန်အော်ဟစ်ကာ ခေါ်နေသည်။
'' ဖြည်းဖြည်းအော်ပါ ကလေးရယ် အသံဝင်ကုန်လို့ချောင်းဆိုးပြီး နေမကောင်းထပ်ဖြစ်နေမှ ကိုကိုကြီးကို မမကြီးတို့က ဆူအုံးမယ် ဆူစေချင်လို့လားဟင် "
" ဟင်........ဟုတ်သားပဲနော် ကြီးမေ မေမေနဲ့ဖေဖေက ကိုလတ်လောက် ကိုကိုကြီးကိုမချစ်ကြသလိုဘဲနော် မီးငယ်မြင်နေရသလောက် ကိုကိုကြီးသနားပါတယ် "
" ဘယ်ချစ်ကြမလဲ ကလေးရယ် ကလေးရဲ့ကိုကိုကြီးက သားအရင်းမဟုတ်တော့ ထပ်မွေးလာတဲ့ သားလတ်ကိုဘဲချစ်ကြတာပေါ့ " ဟုတိုတိုးသက်သက်ဆိုနေမိသည်။
" ဟေး မီးငယ် ကိုကိုကြီးညီမလေး အအေးပတ်အုံးမယ် ငယ်လေးရယ် ဘာလို့ အပြင်ထွက်နေတာလဲ ကိုကိုကြီးက အိမ်ထဲဝင်လာမှာပေါ့ "
" ဟွန်း ကိုကိုကြီးက မီးငယ်ကိုဆူနေတာလား မီးငယ်မပျော်တော့ဘူးနော် အချစ်ပေါ့တာလား အချစ်လျော့လာတာလား ငြိုငြင်တာလား.... ပြောနော် "
" ဟား....ဟား....အတတ်ကလေး မီးငယ်ရယ် နုသွေးနေပြန်ပြီ အချစ်လည်း မပေါ့မလျော့သလို မငြိုငြင်ရက်ပါဘူးဗျာ ကိုကိုကြီးက မီးငယ်ကိုအချစ်ဆုံး ဟုတ်ပြီလား "
" အွန်းပါ အွန်းပါ နောက်မှ မီးငယ်ထပ် ကိုကိုကြီးချစ်ရမယ့်သူပေါ်လာပြီဆို ကိုကိုကြီးကို ကောက်မှာနော် "
" ကောက်စေဗျာ ကောက်စေ မင်းသမီးလေးသဘောတော်အတိုင်းပါဗျ "
" ကောင်းပါပြီ မောင်မင်း မင်းသမီးလေးအတွက် ဘာပါလာပါသလဲ....မပါလာဘူးဆိုရင် မင်းသမီးလေးရဲ့စိတ်တော် ညှိုးနွမ်းတော့မှာနော် "
" ကိတ်မုန့်ရယ် မီးငယ်လေးအတွက်ဂါဝန်လှလှလေးတစ်စုံကို ကိုကိုကြီးဝယ်လာခဲ့တယ် "
" တော်တယ် မောင်မင်း ဘောက်ဆူးကောင်းကောင်းပေးမယ်.."
" ဟား အတတ်ကလေး မရတော့ဘူး လူဆိုးကြီးလာပြီး ဂါးးးး "
လက်ထဲမှအထုတ်တွေအား ကြီးမေအား ပေးရင်းနဲ့ မျက်စပစ်ကာ ငယ်လေးအား စဖို့ပြင်တော့သည်။
YOU ARE READING
ရင်ခုန်သံထပ်တူ
Romanceအချစ်စစ်မှန်ခဲ့ပြိး ရင်ခုန်သံတွေထပ်တူကြခဲ့ရင်လည်း တစ်နေ့ နီးကိုနီးစပ်လာမှာ....
Part-3[Unicode]
Start from the beginning
