အချပ်ပို-၂

Start from the beginning
                                    

ချန်းစုယန် တွေးလိုက်သည်။ ဟိုတုန်းက သူမလုပ်နိုင်ခြင်းသည် ယခုမလုပ်နိုင်ဟု မဆိုလိုပါ။

အမှန်တော့၊ သူသည် ရှေးခေတ်လူ့အဖွဲ့အစည်းတွင် နှစ်ပေါင်းများစွာ နေခဲ့ရသည်။ ပုံမှန်အားဖြင့် သူ့မှာ ဖျော်ဖြေရေး ပရောဂျက်တွေ မရှိခဲ့ပါချေ။ သိုင်းပညာ လေ့ကျင့်ခြင်းအပြင် လက်ရေးလှ၊ တရုတ်ပန်းချီနှင့် ကုဖေးတိထံမှ လက်ဖက်ရည်ကြမ်းချက်ခြင်းတို့ကို သင်ယူခဲ့သည်။ သူတို့သည် ရှုခင်းလှသောနေရာများသို့ အလည်အပတ်သွားကာ လက်ဖက်ရည်ဆိုင်များတွင် ပုံပြင်ပြောခြင်းနှင့် အော်ပရာပြခြင်းများကို ကြည့်ရှုခဲ့ကြ၏.....။ သူသည် မြင်ခြင်း၊ကြားခြင်းများမှတဆင့် သိမ်မွေ့စွာ သင်ယူနိုင်ခဲ့ပြီး ပညာရှင်တစ်ယောက်မဟုတ်လျှင်တောင် သူ၏အတွေ့အကြုံများမှ ဗဟုသုတများစွာ ရရှိခဲ့ပါသေးသည်။

Variety show တစ်ခုသည် သူ့ကို ပိုလူသိများစေမှာမဟုတ်သော်လည်း သူပါဝင်ပြီး ရလဒ်ကောင်းတွေရခဲ့ပါက အနာဂတ်မှာ တရုတ်ရှေးခေတ်ဇာတ်လမ်းတွဲများနှင့် ပတ်သတ်ပြီး သူ့တွင် အခွင့်အရေးပိုများလာနိုင်မည်ဟု ထင်မိသည်။

အခြေခံ စွမ်းရည်ပြိုင်ပွဲတွေကနေတစ်ဆင့် ဖျော်ဖြေရေးလောကထဲကို ဝင်ရောက်လာခဲ့ပြီး သဘာဝအတိုင်း သူ့ရဲ့စွမ်းရည်များသည် ပရော်ဖက်ရှင်နယ် နောက်ခံရှိသူတွေနဲ့ နှိုင်းယှဉ်လို့ မရပါချေ။ သို့သော် သူ့ရဲ့ ရှေးခေတ်အတွေ့အကြုံတွေအရတော့ အနိုင်ယူဖို့ လွယ်ကူပါသည်။

သူ့တွင် လာမည့်တိုးတက်မှုများအတွက် အကြမ်းဖျင်းအစီအစဉ်ရှိသောကြောင့် ချန်းစုယန်သည် ဝေ့ကျန်းထံ ချက်ချင်းစာပို့ခဲ့သည်။

[အဲဒါကို ကြိုးစားကြည့်သင့်တယ်လို့ ငါခံစားရတယ်။ ဝေ့ကော ငါ့ကို ကူညီပေးပါ]

ဝေ့ကျန်းက မြန်မြန်ဆန်ဆန် ပြန်ဖြေလာသည်။

[ကောင်းပြီ၊ မင်း ကြိုးစားချင်စိတ်ရှိရင် ငါသွားပြီး မင်းအတွက် အချက်အလက်တချို့ ယူပေးမယ်။ ငါတို့ရဲ့ လေ့ကျင့်မှုကို အရှိန်မြှင့်လိုက်ကြရအောင်]

ဤသို့ဖြင့် ပြဿနာ ပြေလည်သွားလေသည်။

ချန်းစုယန်သည် အသက်ပြင်းပြင်းရှူပြီး ကုတင်ဘေးမှာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက အခြေခံအကျဆုံး လေ့ကျင့်ခန်းဖြစ်သည့် အသက်ရှူထုတ်ခြင်းကို စတင်လိုက်၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now