အချပ်ပို-၂

Start from the beginning
                                    

ချန်းစုယန်က ဤကိစ္စဟာ အလွန်ပြဿနာရှိမှန်း သဘောပေါက်သွားခဲ့သည်။

ကုဖေးတိသည် အလွန်အမင်း ထိတ်လန့်သွားပြီး စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ခံရသည့် အတိုင်းအတာအထိ ရောက်ရှိမသွားစေရန် မျှော်လင့်မိပါသည်။

သူ ကုဖေးတိကို ဘယ်လိုရှာရမှာလဲ? တကယ်တမ်း သူသည် အခုအချိန်မှာ ဖျော်ဖြေရေးနယ်ပယ်က လူသစ်တစ်ယောက်သာ ဖြစ်သည်။ တစ်စုံတစ်ဦးကို ရှာဖွေရာတွင် ကူညီရန် သူ့ပတ်ဝန်းကျင်ရှိ လူများကို အားကိုးနိုင်သည့် အရည်အချင်းမရှိပေ။ ကုဖေးတိက ဘယ်လိုပုံစံလဲဆိုတာ သူကိုယ်တိုင်ပင် မသိပါချေ။

ချန်းစုယန်သည် လက်စွပ်ကို လက်ထဲတွင် ကစားနေပြီး အချိန်အတော်ကြာ တွေးတောနေခဲ့သည်။

ထို့နောက် သူ့မျက်လုံးများ တောက်ပလာသည်။ သူက သူ့လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်ပြီး သူ့ရဲ့အေးဂျင့် ဝေ့ကျန်းဆီသို့ မက်ဆေ့ချ်ကို ပို့လိုက်သည်။

[ဝေ့ကော ငါအလုပ်လိုတယ်၊ ငါလစာကို ဂရုမစိုက်ဘူး။ တီဗွီမျက်နှာပြင်ပေါ်မှာ ပေါ်လာနိုင်ပြီး လူကြိုက်များနိုင်သ၍ ငါဘာမဆိုလုပ်မယ်။ မဟုတ်တာလုပ်ရမယ်ဆိုလည်း အဆင်ပြေပါတယ်။]

ခဏအကြာ ဝေ့ကျန်းက စာပြန်ခဲ့သည်။

[မင်းရဲ့ခေါင်းထဲမှာ အပြုသဘောဆောင်တဲ့ အတွေးတွေကိုပဲ တွေးစမ်းပါ]

ချန်းစုယန် [......]

ဝေ့ကျန်း: [လူငယ်လေး၊ မင်းရဲ့စိတ်တွေ တည်ငြိမ်ဖို့ လိုတယ်၊ အရမ်းစိတ်မပူပါနဲ့။ မင်းရဲ့ဇာတ်လမ်းကို မထုတ်လွှင့်ရသေးဘူး။ ဒါကြောင့် အားပေးခံရမလား ဝေဖန်ခံရမလားဆိုတာ မသိရသေးဘူး။ မင်းမဟုတ်တာတွေ လုပ်ထားရင် အောင်မြင်လာမှ နောင်တရလိမ့်မယ်နော်]

ချန်းစုယန်က စဉ်းစားပြီးပြောလိုက်သည်။

[မင်း ရိုးရာယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ပြိုင်ပွဲတစ်ခုကို ငါ့ကို ကမ်းလှမ်းခဲ့တာ ငါမှတ်မိသေးတယ်။ အခုအဲဒါကို လက်ခံဖို့ အချိန်မီသေးလား?]

ဝေ့ကျန်း : [ အချိန်မှီသေးတယ်။ ဒါပေမယ့် မင်းက အဲဒါကို မလုပ်နိုင်ဘူးလို့ ပြောခဲ့တယ်မဟုတ်လား? မင်းသွားပြိုင်ရင် ဆီမီးဖိုင်နယ်ကိုတောင် ဝင်နိုင်မှာမဟုတ်ဘူး]

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now