အပိုင်း - (၄၂)

1.4K 214 9
                                    

အခန်းထဲမှာ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်ဖြစ်နေတဲ့ နေးက လက်ထဲမှာ ဖုန်းလေးကို ကိုင်ထားရင်း အတွေးများနေသည်။ အချိန်အားဖြင့် ညနေစောင်းနေပြီဖြစ်သည်။ ကျောင်းပိတ်ရက်ဖြစ်ပြီး ဆေးရုံလည်းမသွားရတဲ့ နေးက အိမ်မှာသာနေဖြစ်သည်။ ကိုကိုကတော့ အလုပ်ကနေ ပြန်မလာသေးတာကြောင့် အခန်းထဲမှာ နေးတစ်ယောက်တည်းသာရှိသည်။

" အာ မသိတော့ဘူးကွာ "

စဉ်းစားဆုံးဖြတ်ပြီးတာနဲ့ အခန်းထောင့်က နေးရဲ့ စာကြည့်စားပွဲလေးဆီကို လျှောက်သွားလိုက်သည်။ စားပွဲပေါ်မှာ အတင်သင့်ရှိနေတဲ့ လက်တော့ပ်ကို ဖွင့်လိုက်ရင်း အွန်လိုင်းပြနေတဲ့ ကိုကိုရှားမြတ်ဆီကို ဖုန်းခေါ်လိုက်သည်။

" ဟေး နေးနေး ... ဒီနေ့ ဆေးရုံမသွားရဘူးလား "

တစ်ဖက်က နေးရဲ့ ခေါ်ဆိုမှုကို လက်ခံသည်နှင့် ကိုကိုရှားမြတ်ရဲ့ အသံချိုချိုလေးကို ဦးဆုံးကြားလိုက်ရပြီး ခပ်ပြုံးပြုံးမျက်နှာလေးက စခရင်မှာပေါ်လာသည်။ ဘယ်အချိန်နေနေ ကိုကိုရှားမြတ်က နေးအတွက် တိုင်ပင်ဖော်ကိုကိုဖြစ်တာကြောင့် အသံလိုက်ရရုံနဲ့ နွေးထွေးသွားစေတာကြောင့် နေး ပြုံးလိုက်မိသည်။

" နေကောင်းလား ကိုကိုရှားမြတ် ... ကိုကိုရှန်ခိုက်ရော . နေးက သတိရနေတာ ... ကိုကိုရှားမြတ်ရော ဆေးရုံမသွားရဘူးလားဟင် "

" အို့ နေကောင်းပါတယ်နော် ... ဒီနေ့က အစ်ကို့နားရက်လေ ... နေးနေးက အစ်ကိုတို့ကို မေ့နေပြီလို့ထင်တာ "

" ဟွန့်.. နေးနေးက ကိုကိုရှားမြတ် အလုပ်များနေမှာစိုးလို့ပါနော် "

ကိုကိုရှားမြတ်ရဲ့ ခပ်ပြုံးပြုံးမျက်နှာလေးကြောင့် နေးကို စနောက်နေမှန်းလည်းသိသည်။

" ဟုတ်ပါပြီဗျာ... အစ်ကို့ကို ဗွီဒီယိုကောလ်ခေါ်တယ်ဆိုတော့ ကိစ္စရှိလို့လား နေးနေး "

" ဟိုလေ ကိုကိုရှားမြတ် ... "

ဆက်ပြောမယ့် နေးရဲ့စကားက ပါးစပ်ဖျားမှာတင် ရပ်တန့်သွားသည်။ တစ်ဖက်က နေးရဲ့ အရိပ်အကဲကို ဖမ်းမိသွားပုံရတဲ့ ကိုကိုရှားမြတ်ကလည်း နေးကို စူးစမ်းသလိုကြည့်လာသည်။

My Beautiful SPOUSEWhere stories live. Discover now