အပိုင်း - (၁)

30.9K 1.8K 199
                                    

" Dating with LOVE "

လက်ထဲမှာကိုင်ထားတဲ့ဖိတ်စာကို နောက်ဆုံးတစ်ခေါက် သေချာအောင်ဖွင့်ဖတ်ကြည့်လိုက်သည်။ BMW ရဲ့ luxury car တစ်စီးကိုစီးပြီး ရောက်လာတဲ့သူက လူအများရဲ့အာရုံစိုက်ခြင်းကို ခံနေရသည်။ ယာဉ်မောင်းသူကကားကို hotel ရဲ့ အဝင်ပေါက်မှာရပ်ပေးလိုက်ပြီး သူ့အတွက် ကားနောက်ခန်းတံခါးကို ဖွင့်ပေးလာသည်။

ပန်းနုရောင်ပိုးသားရှပ်အင်္ကျီ​ပျော့ပျော့လေးကို လက်​ကောက်ဝတ်မှာ အပြားသဏ္ဍာန်စည်းချုပ်ထားပြီး ပန်းပွင့်ရောင်စုံသေးသေးလေးတွေ ပန်းထိုးလို့ထားသည်။ နာမည်ကြီးဒီဇိုင်နာတစ်ယောက်ရဲ့လက်ရာမှန်း သိသာအောင်ပင် သူ့ခန္ဓာကိုယ်မှာ ချပ်ရပ်လို့နေသည်။ မြင်နေကြပုံစံမျိုးမဟုတ်တဲ့ စတိုင်လ်ဘောင်းဘီပန်းနုရောင်အပွလေးနဲ့ သူက တကယ်ကို နတ်ဘုရားတွေ အချိန်ယူထုဆစ်ထားတဲ့ သက်ရှိပန်းပုရုပ်လေးတစ်ခုနှယ်။

ကျော့ရှင်းနေတဲ့မျက်နှာအလှလေးကို ထုံးဖွဲ့ထားတဲ့ဆံထုံးကပိုကရိုလေးက အထောက်အပံ့ပေးနေသည်။ အညိုရောင်သန်းနေတဲ့ဆံနွယ်ရှည်တို့ကို ရိုးရိုးရှင်းရှင်းသာထုံးဖွဲ့ထားပြီး မျက်နှာထက်မှာ ဆံနွယ်ဆံမြိတ်အကြွင်းအကျန်တို့ ဟိုတစ်စဒီတစ်စ ကျလို့နေသည်ကိုက အလှပေါ်အယဥ်ဆင့်နေသလိုပင်။

မျက်ခုံးထူထူအောက်က မျက်ဝန်းလေးတွေက ပုလဲလုံးလေးတွေကဲ့သို့ လှပနေသလို အောက်မျက်ရစ်ဖောင်းဖောင်းလေးကလည်း ထိုမျက်ဝန်းတွေကို လှသထက်လှအောင် ပံ့ပိုးပေးလို့နေသည်။ ဖြောင့်စင်းနေတဲ့နှာတံကို ချွန်မျှမျှနှာဖျားလေးနဲ့ အဆုံးသတ်စေသည်။ ပန်းနုရောင်သမ်းနေတဲ့ နှုတ်ခမ်းဖူးဖူးလေးနဲ့ မျက်နှာကျအလှကို မေးရိုးချွန်ချွန်တို့က ဘောင်ခတ်လို့ထားသည်။

hotel ခန်းမထဲကို ဝင်လာတဲ့တစ်လျှောက်လုံး မြင်သူတိုင်းက နှစ်ခါပြန်လှည့်ကြည့်ကြရသည်။ မိန်းကလေးရှုံးလောက်တဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ ပုရိသယောကျာ်းမြတ်။ Gay ဖြစ်ကြောင်း တရားဝင် come out လုပ်ထားသူတစ်ယောက်လည်းဖြစ်သည်။ ဒါပေမဲ့ လက်ရှိအချိန်ထိတော့ သူ့ကို ဘယ်သူတစ်ဉီးတစ်ယောက်ရဲ့ ပါတနာအဖြစ်နဲ့မှ တွဲဖက်မမြင်ဖူးကြသေးပါ။

My Beautiful SPOUSEWhere stories live. Discover now