အပိုင်း - (၂၂)

5.8K 438 59
                                    

" ကျန်းမာရေးဂရုစိုက်ရမယ်နော် နေးနေး ... လေးလေးတို့ကို နေ့တိုင်း ဗွီဒီယိုကောလ်ခေါ်ရမယ်နော် ဟုတ်ပြီလား "

" ဟိတ်... ပြန်ဖြေလိုက်ဦးလေ နေးလကျာ် ရဲ့ ... "

ဦးနော်စကားကို ပြန်မဖြေပဲ ခေါင်းငုံ့ပြီး နှုတ်ခမ်းကိုဖိကိုက်ကာငြိမ်နေတဲ့ နေးကို လျှန့်ပခုံးနဲ့ အသာအယာတိုက်ရင်း သတိပေးလိုက်သည်။ လျှန်ပြောကာမှ ခေါင်းလေးမော့လာတဲ့ နေးက လျှန့်ကို ဆူပုပ်ပုပ်မျက်နှာလေးနဲ့ ကြည့်ပြီးမှ ဦးနော်ဘက်ကို လှည့်သွားသည်။

နေးလက်ျာကျန်းမာရေးကြောင့် လျှန် ဒယ်ဒီနဲ့တိုင်ပင်ပြီး ခရီးကိုခပ်မြန်မြန်ပဲစီစဥ်ဖြစ်သွားသည်။ ဒယ်ဒီနဲ့အတူနေဖို့ပြန်လာခဲ့ပေမယ့် အကြောင်းတွေရှိလာတော့ ထပ်ပြီးခွဲခွာရပြန်သည်။ လျှန်တွေးနေမှာကိုသိတဲ့ဒယ်ဒီကတော့ လျှန့်ကိုတွေဝေမနေဖို့ပြောပြီး မတော်ရသေးတဲ့သမက်ကလေး အထူးဂရုစိုက်ဖို့သာမှာတမ်းခြွေလိုက်သည်။

" လေးလေးတို့လည်း လိုက်ခဲ့ပါဆိုတာကို . အခုတော့ နေးနေးတစ်ယောက်တည်း "

" နေးတစ်ယောက်တည်း မဟုတ်ပါဘူးကွာ... ကိုယ်လည်းပါတယ်လေ "

" ဟွန့် "

လျှန် စကားဖြတ်ပြောလိုက်တော့ မျက်စောင်းလေးထိုးလာတဲ့ နေးကြောင့် လျှန့်ရင်ထဲ ဒုတ်ခနဲတစ်ချက်ဖြစ်သွားသည်။ ဦးထုပ်အနီကလေးဆောင်းထားတဲ့ စတော်ဘယ်ရီသီးလေးက ချိုမွှေးလွန်းပါဘိ။ ဦးနော်ကတော့ လျှန်တို့နှစ်ယောက်ကိုကြည့်ပြီး ရယ်သည်။

" လေးလေးက လိုက်လို့မရလို့ပေါ့ နေးနေးရယ် ... ပြီးတော့ ခဏပဲလေ... နောက်ပြီးရင် ဂရင်းလိုက်ခဲ့မှာပဲကို "

" အဲ့လိုလိုက်လာမယ်ပြောတဲ့ ဂရင်းက အခုတောင်မှ နေးနေးလေဆိပ်ကို လိုက်မပို့ဘူးမလား "

" အော် ကဲ ... ဒီကလေးနှယ်နော် "

နော်ရန်ဇ တူဖြစ်သူရဲ့ ဆံပင်လေးတွေကို အသည်းယားစွာ ချစ်စနိုးနဲ့ ဆွဲဖွပစ်လိုက်သည်။ ဒီတူလေးနဲ့ ခွဲရတော့မှာမလို့ စိတ်မကောင်းဖြစ်နေပေမယ့် ဆုံးဖြတ်သမျှက တူငယ်လေး ကောင်းဖို့အတွက်သာမလို့ သူ့အတွက် ဖြေသာပါသည်။

My Beautiful SPOUSEWhere stories live. Discover now