အပိုင်း - (၈)

11.2K 868 94
                                    

လျှန် သူ့လက်ကိုအတင်းဆွဲပြီး lover seat မှာ ဝင်ထိုင်စေတော့ လျှန့်ကို မျက်လုံးလှန်ပြီး မကျေမချမ်းနဲ့ ကြည့်လာပြန်သည်။ စင်ရော်တောင်လို လှတဲ့မျက်ခုံးလေးနှစ်ဖက်ကို တွန့်ချိုးထားလိုက်တာများ ကျိုးပဲ့သွားမလားတောင် စိုးရိမ်မိသည်။

အလိုမကျဖြစ်နေတဲ့ မျက်ဝန်းအစုံကို မသိကျေးကျွန်ပြုပြီး လျှန် ကားမောင်းသူနေရာမှာ ဝင်ထိုင်လိုက်တော့ နေးလက်ျာက ကားနောက်မှီပေါ် ခေါင်းတင်ရင်း မျက်လုံးမှိတ်ထားပြီး လျှန့်ကို လျစ်လျှူရှုနေသည်။ လျှန်လည်း ဘာမှဆက်မပြောတော့ပဲ ထိုနေရာကနေ အမြန်ကားမောင်းထွက်လာသည်။

" နေးလက်ျာ... ညစာစားပြီးပြီလား "

" အိမ်ပဲပြန်ပို့ပေးပါ "

" ကိုယ် ဘာမှမစားရသေးဘူး "

အဆီအငေါ်မတည့်စွာထွက်လာတဲ့ စကားတွေကြောင့် နေး မျက်လုံးမှိတ်ထားရာကနေ သက်ပြင်းကြမ်းကြမ်းတစ်ချက်ချပြီး ဒုဉက္ကဌဘက်ကို လှည့်ကြည့်လိုက်တော့ ကားစတီယာတိုင်ကို လက်တစ်ဖက်နဲ့သာကိုင်ပြီး လက်တစ်ဖက်က google map မှာ တစ်ခုခုကို ရှာနေတဲ့ပုံ။ ညနက်နေပြီမို့ ကားအသွားအလာရှင်းသော်ငြားလည်း အန္တရာယ်များလွန်းလေသည်။

" ဘာလုပ်နေတာလဲ... ကားကိုအာရုံစိုက်ပြီး မောင်းပါ ဒုဉက္ကဌ "

နေး ပြောလိုက်ပြီးမှ လေသံအနည်းငယ်မာသွားသည်ကို သတိထားမိ၍ ကိုယ့်နှုတ်ခမ်းကိုယ် ပြန်ကိုက်ထားမိသည်။ ဘယ်လိုပဲ အဆင်မပြေဘူးပြောပြော သူက ကိုယ့်အလုပ်ရှင်ပဲလေ။ နေးဘက်က အခုလို ပြောလိုက်တာက မသင့်တော်ဘူးလို့ တွေးမိသွားသည်။ သူတစ်ယောက်တည်း အတွေးများနေသည်မို့ ဒုဉက္ကဌက သူ့ကိုစိုက်ကြည့်နေသည်ကို နောက်မှသတိထားမိသွားသည်။ 

" ဘာလဲ... ကိုယ် တစ်ခုခုဖြစ်မှာ စိုးရိမ်လို့လား "

" မ... မဟုတ်ပါဘူး... ဉက္ကဌကြီးအတွက် တွေးမိသွားလို့ပါ... ဒုဉက္ကဌတစ်ခုခုဖြစ်သွားရင် ဉက္ကဌကြီးက အလုပ်တွေပိုများလာပြီး ကျန်းမာရေးထိခိုက်မှာ စိုးလို့ပါ "

" ဒါဆိုလည်း သားဖြစ်တဲ့ကိုယ့်အစား မင်းက ဒယ့်ဒီကို ပိုဂရုစိုက်ပေးပေါ့ "

My Beautiful SPOUSEWhere stories live. Discover now