အပိုင်း - (၄၀)

1.7K 214 6
                                    

မင်္ဂလာပွဲကြောင့် အလုပ်များခဲ့တဲ့ လျှန်နဲ့ နေးလက်ျာတို့ရဲ့နေ့ရက်တွေက ပုံမှန်အတိုင်း ပြန်လည်ပတ်နေပြီဖြစ်သည်။ လျှန်က အလုပ်အကြွေးတွေကြောင့် ကုမ္ပဏီမှာပဲ မိုးလင်းမိုးချုပ်အချိန်ကုန်နေပြီး နေးကတော့ ကျောင်းနဲ့ဆေးရုံကိုသာတစ်လှည့်စီကူးလို့နေသည်။

ပြောင်းလဲသွားတာဆိုလို့ မနက်ခင်းတိုင်းမှာ ချစ်ရသူမျက်နှာကိုကြည့်ကာ နိုးထရပြီး ညအိပ်ချိန်တိုင်းမှာ ချစ်ရသူကိုထွေးပွေ့လို့ အိပ်စက်ရခြင်းက လျှန့်အတွက် ဘဝရဲ့အနှစ်သာရပင်။ သစ်လွင်လက်ဆတ်နေတဲ့ အိမ်ထောင်သည်ဘဝအစကတော့ လျှန်တို့နှစ်ယောက်အတွက် ကြည်နူးဖွယ်ရာအတိဖြစ်သည်။

" နေးလည်း လိုက်ချင်ပါတယ်ဆိုတာကို ကိုကိုက မခေါ်ဘူး "

" ဟိုမှာသိပ်မကြာပါဘူး နေးရယ်... ကိုယ် ချက်ချင်းသွားပြီး ချက်ချင်းပြန်လာမှာလေ "

နေးလက်ျာရဲ့ခေါင်းကိုက်တဲ့ဝေဒနာက အတော်သက်သာနေပြီဖြစ်သည်။ အိပ်မက်ဆိုးတွေမက်တာမျိုးလည်း သိပ်မဖြစ်တော့။ ဒါပေမယ့် မေ့နေတဲ့မှတ်ဉာဏ်အပိုင်းအစတွေကတော့ အခုထိပျောက်ဆုံးနေဆဲဖြစ်သည်။ အိုင်ယာလန်ကိုစ,ရောက်တုန်းကတော့ တစ်ချက်တစ်ချက်ခေါင်းထဲပေါ်လာတာရှိတိုင်း ထုတ်မေးတတ်ပေမယ့် အခုနောက်ပိုင်းတော့ ဘာမှမေးမြန်းလာခြင်းမရှိတော့။ ပရော်ဖက်ဆာပြောတာတော့ လူနာကိုယ်တိုင်က ပြန်သတိရချင်တဲ့စိတ်မျိုးမရှိခဲ့ရင် ဒါမျိုးကနှစ်တွေနဲ့ချီပြီးကြာနေတတ်သည်။ 

" လိုက်ချင်တဲ့ဟာကို "

 " နေး ပင်ပန်းမှာစိုးလို့ပါ "

အလုပ်ကိစ္စကြောင့် ဒယ်ဒီ့ဆီမဖြစ်မနေပြန်ရမယ့်လျှန့်ကို နေးလက်ျာလေးက လေဆိပ်လိုက်ပို့ရင်း ဂျီကျနေတာဖြစ်သည်။ လျှန်တို့ပျားရည်ဆမ်းခရီးကပြန်လာပြီးနောက်ပိုင်းမှာ နေးက ကုထုံးအသစ်ကိုစ,နေပြီဖြစ်လို့ ဆေးရုံကို ရက်ခြားသွားနေရသည်က ပျက်လို့မဖြစ်ပေ။ ထားခဲ့ရမှာ စိတ်မချပေမယ့်လည်း ဂရင်းအပြင် ဦးနော်ပါရှိနေတာကြောင့် လျှန့်အတွက် နည်းနည်းတော့ ရင်အေးရသည်။ 

My Beautiful SPOUSEWhere stories live. Discover now